Movie Name
Await Further Instructions (2018)
Year
2018
Generes
Horror, Sci-Fi
Code
01271
Type
Movie
Size
779 MB
Country
Hollywood
Description
မိသားစုနဲ့နှစ်တွေကြာဝေးအောင်းနေတဲ့သားအငယ်ဆုံးနစ်ကအိမ်ကိုသုံးနှစ်တာအကြာမှာမိသားစုနဲ့အတူခရစ်စမတ်ပွဲတော်ကိုနွှဲဖို့ ချစ်သူအိန်ဂျလာနဲ့အတူလာခဲ့ပါတယ် နစ်ကကအမေဖြစ်သူနဲ့အဆင်ပြေသလောက် အဖေဖြစ်သူနဲ့လုံးဝအဆင်မပြေပါဘူးနစ်ရဲ့အစ်မဖြစ်သူလင်မယားလဲအိမ်ကိုရောက်လာခဲတဲ့အချိန်မှာမိသားစုတခုလုံးစုံသွားချိန်မှာတော့အဆင်မပြေမှုတွေဖြစ်ပြီးစကားများကြပါတယ် ထိုအချိန်မှာ အိမ်ထဲကတီဗွီဟာရုတ်တရက်ကြီးပြောင်းလဲပြီးအိမ်တံခါးတွေကလဲအပြင်ကနေတစ်ယောက်ယောက်ပိတ်ထားသလိုထွက်လို့မရတော့ပါဘူး အပြင်ဘက်မှာလဲအမဲရာင်အစင်းတွေနဲ့အိမ်ကိုပိတ်စို့ထားသလိုဖြစ်ပြီးအပြင်ထွက်မရတော့ပါဘူး အဲဒီအချိန် မှာတီဗွီထဲကနေညွှန်ကြားချက်စာသားတွေတက်လာပြီးသူတို့ကိုချုပ်ကိုင်ခြယ်လှယ်ပါတော့တယ် ဒါကို နစ်ရဲ့အဖေဖြစ်သူကနိုင်ငံအတွင်းရောဂါကူးလို့ကာကွယ်မှုလုပ်နေတယ်လို့ထင်သွားပါတယ်တီဗွီကညွှန်ကြားချက်တွေကိုလဲတသဝေမတိမ်းလိုက်နာပါတော့တယ် တီဗွီထဲကညွှန်ကြားချက်တွေကလဲ သူတို့လုပ်ရပ်တွေကိုကြည့်ပြီးပြောနေသလိုမျို းတစ်ခုခုပြီးတစ်ခုခုလုပ်ခိုင်းပါတော့တယ်ဒါပေမဲ့နစ်နဲ့အိန်ဂျလာကတီဗွီရဲ့ထူးခြားမှုကိုသတိပြု မိပြီးပြောတဲ့အချိန်မှာ နစ်အဖေရဲ့ အစွန်းရောက်ဝါဒီကြောင့်တအိမ်လုံး စိတ်ဝမ်းကွဲကွာ သတ်ဖြတ် မှုတွေဖြစ်လာပါတော့တယ် နောက်ဆုံးမှာတီဗွီကိုဖွင့်လိုက်တဲ့အချိန်မှာအသိဉာဏ်ရှိတဲ့သတ္တဝါကြီးတစ်ကောင်ဝင်နေတာကိုတွေ့လိုက်ပါတော့တယ် ကိုယ်ချစ်ခင်တွယ်တာတဲ့အရာကပဲကိုယ့်ကိုသတ်တယ် ဆိုတဲ့စကားလိုမျို းကိုယ့်ရဲ့အရင်းနှီးဆုံးလူတွေကကိုယ့်ကိုသတ်မယ်လို့ဘယ်သူကထင်ထားမှာလဲ နစ်နဲ့အိနိဂျလာတို့အဆုံးမှာအိမ်ကြီးထဲကနေလွတ်မြောက်နိုင်ပါ့မလား သတ္တဝါကြီးလက်ထဲကရောလွတ်နိုင်ပါ့မလားဆိုတာ ဇာတ်ကားထဲမှာဆက်လက်ကြည့်ရှု ပေးပါဦးနော်