Movie Name
Blood Fest (2018 )
Year
2018
Generes
Comedy, Horror
Code
01275
Type
Movie
Size
879 MB
Country
Hollywood
Description
ဒီကားလေးအကြောင်းစမပြောခင် Blood Fest ဆိုတဲ့နာမည်အကြောင်းကိုအရင်စပြောလိုက်ရအောင်….Blood Fest ဆိုတာ သွေးသံရဲရဲနဲ့ကစားရတဲ့ ကစားနည်းတစ်မျိုးဖြစ်ပြီးတော့ဒီကစားနည်းဟာ အရမ်းကိုကျယ်ဝန်းလှတဲ့ ဧက၂၀ မြေကွက်ကြီးတစ်ခုမှာပြုလုပ်တဲ့ဆယ်စုနှစ်ရဲ့အကောင်းဆုံးသော ” သွေးသံရဲရဲ ဧည့်ခံပွဲ ” ကစားနည်းလို့လည်း နာမည်ပေးထားပါတယ်…..အဲကွင်းကြီးထဲမှာ နာမည်ကြီး Horror ရုပ်ရှင်တွေထဲက လူသတ်သမားတွေရဲ့ပုံစံသရုပ်ဆောင်တွေကိုထည့်သွင်းထားပြီးတော့ ပါဝင်ကစားတဲ့ လူတွေကိုခြောက်လှန့်စေတာဖြစ်ပါတယ်…Vampire , Zombie , Clown , The Arborist , Red အစရှိတဲ့နာမည်ကျော်မကောင်းဆိုးဝါးတွေကို ဒီ Horror ကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်….ဟောလိုဝင်းညပါတီပွဲကို ပျော်ချင်လို့ဆိုပြီး ဒီကွင်းကြီးထဲကိုဂိမ်းကစားဖို့ရောက်လာကြတဲ့ ဆယ်ကျော်သက်လေးသုံးယောက်ဟာတကယ်တမ်း ဂိမ်းမဟုတ်ပဲ ကြမ်းတမ်းတဲ့အရာတွေနဲ့တွေ့ကြုံလာရတဲ့အခုလွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်…တစ်ကွင်းလုံးမှာလည်း အတုအယောင်တွေပြုလုပ်ထားတဲ့သရဲကားတွေထဲကလို စိတ္တဆေးရုံတွေ သချိၤုင်းတွေနဲ့နာမည်ကြီးရုပ်ရှင်တွေထဲက နာမည်ကျော်လူသတ်သမားတွေနဲ့ဂိမ်းကစားနေတာမဟုတ်တော့ပဲ သေရေးရှင်ရေးအတွက်အဲကွင်းထဲကနေလွတ်မြောက်နိုင်အောင်ကြိုးစားရတော့မှာပါ….Horror ကားဆိုပေမယ့် ဒီကားဟာ ဟာသလေးတွေနှောပြီးရိုက်ပြထားတာပါ….ဒါပေမယ့် Horror ကားရဲ့အနှစ်အရသာကိုတော့ ပျောက်ပျက်သွားတာမျိုးမဟုတ်ပါဘူး…တချို့အခန်းတွေက ကြောက်စရာကောင်းသလို တချို့အခန်းတွေမှာလည်း စိတ်ပေါ့ပါးစွာနဲ့ရယ်မောမိကြမှာပါ…..ဒါကြောင့် ဒီဇာတ်ကားလေးကို ကြည့်သင့်မကြည့်သင့်ကိုကတော့သင်တို့ကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ကြပါ….