-
Movie Name
-
From Hell (2001)
-
Year
-
2001
-
Generes
-
Horror, Thriller
-
Code
-
01288
-
Type
-
Movie
-
Size
-
1.12 GB
-
Country
-
Hollywood
-
Description
-
Fan တွေ အတွက် မင်းသားကြီး Johnny Depp ငယ်စဉ်က သရုပ်ဆောင်ခဲ့တဲ့ရုပ်ရှင်ကားကောင်း တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ From Hell ဆိုတဲ့သည်းထိတ်ရင်ဖို စုံထောက် ရုပ်ရှင်ကားဖြစ်ပါတယ် IMDb Rating 6.8 ထိ ရရှိထားပါတယ်Johnny Depp နဲ့ အတူ မင်းသမီး Heather Graham ပါ သရုပ်ဆောင်ထားပါတယ်ဇတ်လမ်းပုံစံကတော့ ဒုစရိုက်မှုတွေ ကြီးစိုးတဲ့ မြို့တစ်ခုမှာရဲစုံထောက် နာမည်ကျော် အက်ဗာလိုင်း ဆိုတဲ့ လူတစ်ယောက်ရှိတယ်သူက ဘယ်လောက်ထိ နာမည်ကြီးလဲဆိုရင် သေနေတဲ့သူရဲ့အလောင်းကို ကိုင်ကြည့်ရုံနဲ့ လူသတ်မှုကို ခြေရာခံနိုင်ပါသတဲ့စိတ်စွမ်းအင်လဲ ရှိပြီး လူသတ်မှုတွေ မဖြစ်ခင် ကြိုတင်အာရုံရတက်ပါတယ်သူက လူထူးလူဆန်းလို ဖြစ်နေပြီး မြို့နယ် ရဲတပ်ဖွဲ့ရဲ့ အားကိုးရာလဲဖြစ်ပါတယ်ပုံစံ အရ ပြောရရင် မင်းသိင်္ခ ဝတ္တုထဲက ဆားပုလင်း နှင်းမောင် လိုပေါ့…တစ်ရက်မှာတော့ အဲ့ဒီ မြို့သေးသေးလေးမှာ အမှုအခင်း ထူးထူးဆန်းဆန်းတစ်ခုဖြစ်ခဲ့ပါတယ်…အဲ့ဒါကတော့ ပြည့်တန်ဆာ တွေကို လိုက်သတ်နေတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက် ရှိနေပြီး ပြည့်တန်ဆာတွေကို သတ်ပြီးရင် လိင်အင်္ဂါကို လှီးယူသွားတက်ပါတယ်ရဲတွေလဲ အတော် ခေါင်းစားနေပါပြီ ဒီအမှု ကို ဖြေရှင်းနိုင်မယ့်သူကလဲ တစ်ယောက်ပဲ ရှိပါတယ်သူကတော့ အက်ဗာလိုင်း ပေါ့….ဇတ်လမ်းက စကြည့်ကတည်းကနေ အဆုံးထိ အင်မတန် စိတ်ဝင်စားဖို့ကောင်းပါတယ်အင်္ဂလန်ဘုရင်မကြီး နဲ့ တော်ဝင်မျိုးဆက်တွေ အပါအဝင် မြန်မာပြည်မှာနာမည်ကြီးတဲ့ပလျှူးခေါင်းဖြတ် ဂိုဏ်းလို့ နာမည်ကြီးတဲ့ ဖရီးမေဆင် လို ဂိုဏ်းတွေပါ ပါဝင်လာခဲ့ပါတယ်Firday ည အတွက် ညစာ လို့ သက်မှတ်ပြီး ကြည့်ရှုနိုင်ပါပြီ…ဇတ်လမ်းကို မေသူ က ဘာသာပြန်ပေးထားပါတယ်