Movie Name
Ghost Ship(2002)
Year
2002
Generes
Horror
Code
01290
Type
Movie
Size
906 MB
Country
Hollywood
Description
ားရိုးကျ အိမ်အိုတစ်လုံးအတွင်း သရဲခြောက်တာတွေ သရဲပူးတာတွေ ကို ကြည့်ရတာ ရိုးလာတဲ့သူတွေအတွက်ထိတ်လန့် ခြောက်ခြားတာကိုမှ ကြိုက်နှစ်သက်သူတွေ အတွက် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင် ကားကောင်းတစ်ခုဖြစ်ပါတယ် ဇတ်လမ်းပုံစံကတော့ ပင်လယ်အတွင်း ပိုင်ရှင်မရှိသော သင်္ဘောတွေကို ဆယ်ယူပြီး ပြန်ရောင်းကာ ဝေစုခွဲယူကြတဲ့ရှာဖွေရေး အဖွဲ့တစ်ခု ရှိပါတယ် ခေါင်းဆောင် မာဖီ က ဦးဆောင်ပြီး အတော်ဆုံး လူတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်..တစ်ရက်မှာတော့ သူတို့ အဖွဲ့ ၆ လ အကြာ ပင်လယ်ပြင်တွင် အချိန်ကုန်ခံရှာဖွေခဲ့တဲ့ သင်္ဘောတစ်စီး အတွက် ဘား မှာ အောင်ပွဲခံသောက်နေကြတုန်း လူငယ်တစ်ယောက်က သူတို့ အဖွဲ့ကို ပျောက်ဆုံးနေသော မှော်ဆန်တဲ့ သင်္ဘောကြီး တစ်ခုအကြောင်းသတင်းလာပေးပါတယ်.. ထို သင်္ဘေၤာကြီးမှာ ကမ္ဘာပေါ်တွင် ချမ်းသာကြွယ်ဝသော လူအချို့နှင့်ဝန်ထမ်း အားလုံးပေါင်း ၆၀၀ ကို တင်ဆောင်ပြီးအကြောင်းကိစ္စ တစ်စုံတစ်ရာ မသိရပဲ သတင်းမကြားရပဲ ပျောက်ဆုံးသွားတဲ့ သင်္ဘောကြီး ဖြစ်နေပါတယ် နစ်မြုတ်သွားတယ်လို့လဲ မသိရအကျော်ကြားဆုံး ရှာဖွေရေး အဖွဲ့အစည်းတွေကတောင် ရှာမတွေ့ခဲ့တဲ့ သင်္ဘောကြီး အဖြစ် မှတ်တမ်း တင်ထား၍ ၎င်းတို့ အဖွဲ့လဲ လူငယ်ဖြစ်သူနှင့်ရာခိုင်နှုန်း ခွဲဝေယူရန် ကတိပေးလိုက်ပြီး သင်္ဘောကြီးကို စတင်ရှာဖွေပါတော့တယ်….ထို သင်္ဘောကြီးမှာ သူတို့ ထင်ထားခဲ့သလို ရိုးရှင်းလှသော အရာတစ်ခုမဟုတ်ပဲ ရက်စက်မှုတွေ လျို့ဝှတ်မှုတွေသစ္စာဖောက်မှုတွေ နဲ့ ကျိန်စာသင့်ပြီး မလွတ်မြောက်နိုင်သော ဝိဉာဉ်များ ရဲ့ ခိုအောင်းရာ နေရာတစ်ခုဆိုတာကို မသိခဲ့သောအခါ…ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးသူကတော့ CM Translator တစ်ဦး ဖြစ်သူ Kaung Myat Thu ပဲ ဖြစ်ပါတယ်