-
Movie Name
-
Halloween (2018)
-
Year
-
2018
-
Generes
-
Horror, Thriller
-
Code
-
01292
-
Type
-
Movie
-
Size
-
777 MB
-
Country
-
Hollywood
-
Description
-
လူတိုင်းလူတိုင်းဟာ ကံကောင်းပြီးမွေးလာကြတာမဟုတ်ပါဘူးအဲ့ထဲမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းပြီး မွေးလာတဲ့Michael တစ်ယောက်လဲ အပါဝင်ပေါ့ ကလေးဘဝကတည်းက လူသတ်ရတာခုံမင်တဲ့ MichaelHalloween ညတွေမှာ စိတ္တဇမျက်နှာဖုံးစွပ်ပြီးလိုက်လံသတ်ဖြတ်ခဲ့တဲ့သွေးအေးလူသတ်သမား Michaelလူသတ်မှုှုနဲ့ စိတ္တဇ ဆေးရုံရောက်နေခဲ့တာ နှစ် ၄၀ ရှိနေခဲ့ပြီ သူသတ်ဖို့ကြိုးစားခဲ့ တဲ့ Laurie Strode ဆိုတဲ့ကောင်မလေးလဲဟယ်ဒန်ဖီလ်း ဆိုတဲ့မြို့မှာ ရှိနေခဲ့တာနှစ် ၄၀ ကြာမြင့်ခဲ့ပြီဒါပေမယ့် နှစ်တွေဘယ်လောက်ကြာကြာသူတို့နှစ်ယောက်ကြားက အငြိုးတွေကတော့ဖြိုဖျက်ဖို့ မဖြစ်နိုင်သေးပါဘူးဒီလိုနဲ့ Halloween ညမတိုင်ခင်မှာမှတိုက်တိုက်ဆိုင်ဆိုင်ပြန်လွတ်သွားတဲ့Michael Myers တစ်ယောက်ဘယ်လိုရက်ရက်စက်စက် သတ်ဖြတ်မှုတွေကျူးလွန်မလဲဆိုတာစိတ် တုန်လှုပ်ခြောက်ခြားစွာ ကြည့်ရှုရမှာပါဒီ Halloween ကိုပြောလို့ပြောတာမဟုတ်ဘူးကျွန်တော်လဲ ရှေ့ကားတွေမကြည့်ဖူးပါဘူးဒါပေမယ့် အသေချာပြောနိုင်တာကFriday the 13th ကားထဲကJason Vorhees နဲ့ အတော်လေးဆင်ပါတယ်မသိဘူး သတ်မယ်ဆိုတဲ့သကောင့်သားတွေပေါ့ဇာတ်လမ်း ကလဲရိုးရိုးရှင်းရှင်းလေးကြည့်ရတာဘာမှအာရုံနောက်စရာမရှိဘူးThriller ဖီးလ်လေးကို ခံစားရတာကလွဲလို့ပေါ့slasher film လို့ပြောထားတဲ့အတိုင်းပဲအသတ်အဖြတ်အကြမ်းအရမ်းတွေဘုံးဘောလအော ထည့်ပေးထားပါတယ်ကိုယ်တိုင်က Friday the 13th တို့Black Sails တို့ Spartacusတို့လိုအသတ်အဖြတ်ကားတွေအကြည့်များလို့လားတော့မသိဘူး :3ဒီ Halloweenက သတ်ဖြတ်တာတွေကိုသိပ်အားမရဘူးဒါပေမယ့် Michael Myers ဆိုတဲ့သွေးအေးလူသတ်သမားဇာတ်ရုပ်ကို သဘာဝဆန်ဆန်ဘွင်းခနဲမြင်ရမှာပါအဲ့လိုမြင်အောင်လဲနောက်က theme songကအတော်လေးပံ့ပိုးပေးထားတာတွေ့ရပါတယ်ပြီးတော့အခု Halloween ကားက လွန်ခဲ့တဲ့နှစ် ၄၀ က ရိုက်ခဲ့တဲ့ Halloween(1978)ကားနဲ့တိုက်ရိုက်ချိတ်ဆက်ထားတာပါIT(2017) လိုမျိုး လက်ရှိရောက်နေတဲ့ခုနှစ်နဲ့ဇာတ်ကားထဲက plot နဲ့ ကွက်တိဆိုသလိုပေါ့rating အနေနဲ့ကတော့ IMDb 7.1Rotten Tomatoes မှာ 79% ရထားပါတယ်Halloween ကားဟာ Halloween ညမှမဟုတ်ပါဘူးဘယ်ညဖြစ်ဖြစ်ကြည့်လို့ခြောက်ခြားစရာကောင်းမှာ အမှန်ပါပဲ ဒီရုပ်ရှင်ကားကို Hein Thet Naing က ဘာသာပြန်ပေးထားပြီးကိုယ်တိုင် အညွှန်းရေးပေးထားပါတယ်Korensub စာတန်းထိုး အသေဖြင့် ထွက်ရှိလာတာဖြစ်ပြီးဘာသာပြန်မှု အနည်းငယ် မှားယွင်းနိုင်ပါသဖြင့် အလွဲတစ်ချို့ ရှိပါကနားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်BluRay Version ထွက်လာခဲ့လျင်ပြန်လည် Update လုပ်ပေးပါမည်။