-
Movie Name
-
Must Be… Love (2013)
-
Year
-
2013
-
Generes
-
Comedy, Romance
-
Code
-
02004
-
Type
-
Movie
-
Size
-
758 MB
-
Country
-
Philippines
-
Description
-
2013 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဖိလစ်ပိုင် အချစ်ဟာသ ဖန်စီ ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကိုတော့ CM ပရိတ်သတ်ကြီးအနေနဲ့ သိပ်စိမ်းမှာ မဟုတ်ပါဘူး ဘာလို့ဆို သူ့ကားတွေကြီးပဲ တင်ဆက်ပေးလာလို့ပါ ဇာတ်လမ်းလေးကတော့ အချစ်ဦးဆိုတာ ဘယ်လောက်ပင်ကြာကြာ မမေ့ဘူးလို့ဆိုပါတယ်ငယ်စဉ်ကထဲက ကစားအတူသွားအတူ နေခဲ့ကြတဲ့ သူတွေ ချစ်ကြပြီဆိုရင်တော့ဖြင့်ဘယ်လောက်တောင်ချစ်ကြမယ်ဆိုတာကတော့ပြောနေစရာမလိုလောက်တော့ဘူးထင်ပါတယ် ဒီကားလေးထဲမှာတော့ ငယ်စဉ်ကထဲကခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းနှ်စ်ယောက်တစ်ယောက်က တိတ်တခိုးလေးချစ်မိနေတဲ့အခါမှာ ကျန်တဲ့တစ်ယောက်ကမသိပဲ လျှောက်ပွေးဒါကို ဖွင့်မပြောရဲတော့ ကြိတ်ခံစား နေရင်း အခွင့်အရေးရတဲ့ တစ်နေ့မှာတော့ …………………ကဲ ပရိတ်သတ်ကြီးလဲ တိတ်တခိုးချစ်ပြီး ကြိတ်ပိုးနေရင်တော့ ရဲရဲသာဖွင့်ပြောလိုက်ပါနော်ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချစ်တာဟာ အပြစ်မဟုတ်သလိုကောင်မလေးတစ်ယောက်ကလဲ ကောင်လေးတစ်ယောက်ကို ချစ်မိနေတာက အပြစ်တစ်ခုမဟုတ်ပါဘူးချစ်မိနေရင်တော့ Gender တွေကိုဘေးချိတ်ပြီး ရဲရဲသာဖွင့်ပြောလိုက်ပါကောင်မလေးဆိုလဲ ကြောက်မနေပဲ ရဲရဲသာကို ကြိတ်ခွက်နေတဲ့ကောင်လေးကို သွားဖွင့်ပြောလိုက်ပါနော့သူလဲ ကိုယ့်ကြိတ်ခွက်ရင် ခွက်နေမှာပေါ့ ဟုတ်တယ်မလား ဘာမှ ဂရုစိုက်မနေနဲ့ပတ်ဝန်းကျင်ဆိုတာ တကယ်တော့ထင်သလောက်ကြီး သက်ရောက်မှုမရှိပါဘူး neglect လုပ်တတ်ဖို့ပဲလိုတာပါ :p ဇာတ်လမ်း အကျဉ်းလေးကတော့ Patricia နဲ့ Ivan သူငယ်ချင်းနှစ်ယောက် ကောင်မလေးဖြစ်သူ Patricia ကသူ့သူငယ်ချင်း ကို ချစ်မိသွားတဲ့အခါမှာ သူ့သူငယ်ချင်း ကောင်လေး Ivan ကခံစားလို့မရပဲ ချေထားခဲ့ပါတယ်ကဲ Patricia တစ်ယောက် သူ့သူငယ်ချင်းရဲ့ အချစ်ကို ရဖို့ မိန်းကလေးတန်မဲ့ ဘယ်လိုတွေကြိုးစားမလဲဘယ်လို အလွဲတွေတွေ့ရမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက် ကြည့်ကြရမှာဖြစ်ပါတယ်ကဲ ဒီဇာတ်ကားလေးကိုကြည့်ပြီးရင် ကောင်မလေးတွေ ရှက်မနေနဲ့ ရဲရဲ သာဖွင့်ပြောလိုက် တော့ ဗျ