-
Movie Name
-
I Still See You (2018)
-
Year
-
2018
-
Generes
-
Horror, Thriller
-
Code
-
01299
-
Type
-
Movie
-
Size
-
801 MB
-
Country
-
Hollywood
-
Description
-
ဝိဉာဉ်တွေက ကိုယ်မမြင်ရပေမယ့် ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ လျှောက်သွားနေကြတာကို သိကြမှာပါ။ဝိဉာဉ်ဆိုတာ ကံနိမ့်လို့ မြင်ရတာလို့ ယူဆထားလေ့ရှိကြတယ်မလား။ဒီဇာတ်ကားထဲမှာတော့ လူတွေဟာ သေဆုံးပြီးတဲ့ ဝိဉာဉ်တွေကို နေ့တိုင်း နေရာတိုင်းမှာ တွေ့မြင်နေကြရတယ်။ သေဆုံးပြီးတဲ့ ကိုယ့်ရဲ့ဆွေမျိုးတွေ ကိုယ်ချစ်ရတဲ့ ဂရုစိုက်ရတဲ့လူတွေဟာ နေ့တိုင်းသူ့အချိန်ကျရင် အိမ်မှာ ပေါ်လာတတ်ပြီး လုပ်နေကျအလုပ်တွေကို လုပ်ရင်း ပျောက်သွားကြပါတယ်။ဘာကြောင့်ဒီလိုမျိုးဖြစ်ရသလဲဆိုတော့ အနုမြူဗုံးပေါက်ကွဲတဲ့နေရာနဲ့ အဲ့ဒီနေရာ အနီးတစ်ဝိုက်မှာ ဝိဉာဉ်တွေဟာ ထိုကဲ့သို့ ပေါ်လာလေ့ရှိလို့ပါပဲ။ သူ့အချိန်တန်ရင် ဝိဉာဉ်တွေပေါ်လာတယ် ငါးစက္ကန့်လောက်ကြာရင် ပြန်ပျောက်သွားလေ့ရှိပါတယ်။ဗာရိုနစ်ကာ ရွန်နီဟာ မြင်တွေ့နေကြမဟုတ်တဲ့ တစ္ဆေတွေကို မြင်တွေ့လာရတဲ့ အခါ ထူးဆန်းတဲ့ ခံစားမှုမျိုးပေါ်ပေါက်လာပါတယ်။သူမနောက်ကို လိုက်နေတဲ့ ဝိဉာဉ်က သူမကို အန္တရာယ်ပေးမှာ ကို သူမခံစားလာရပါတယ်။ဒါကြောင့် ဝိဉာဉ်က ဘယ်သူဖြစ်မလဲဆိုတာကို ခက်လိန်းဆိုတဲ့ကောင်လေးနဲ့ ရှာဖွေခဲ့ပါတယ်။အဲ့ဒီဝိဉာဉ်က ဘာလို့ သူမကို လာခြောက်တာလဲ။ဘယ်သူလဲဆိုတာကို သူတို့ဖော်ထုတ်ပြီးတဲ့နောက် အသက်အန္တရာယ်ကနေ ဘယ်လို လွှတ်အောင် ကြိုးစားကြမလဲ။အနုမြူဗုံးကရော ဘာကြောင့်ပေါက်တာလဲ။မိန်းကလေးတွေ အများကြီးရှိတဲ့အထဲကမှ ဘာလို့ ရွန်နီကိုပဲ သတ်ချင်တာလဲဆိုတာကို အသည်းတယားယားနဲ့ ဆက်လက်ကြည့်ရှူပေးကြပါနော်။ဒီကားက သရဲမကျ ဝိဉာဉ်မကျတဲ့ ကားဖြစ်ပါတယ်။သိပ္ပံဆန်တဲ့အချက်တွေပါတဲ့အပြင် စိတ်ဝင်စားစရာ လှည့်ကွက်လေးတွေလည်း ပါလို့ လူငယ်တွေ အကြိုက်တွေ့စေမယ့်ကားလေးပါ။လွန်ခဲ့တဲ့ ရက်အနည်းကမှ ထွက်ထားတဲ့ ကားအသစ်လေးလည်း ဖြစ်ပါတယ်နော်။ဖခင်မေတ္တာကို ဖော်ကျူးထားတဲ့ ကားလို့ပြောရင်လည်း မမှားပါဘူး။နောက်ဆုံးပြောချင်တာကတော့ ဒီကားကို ကြည့်ရင် ညလူခြေတိတ်ချိန် နားကြပ်လေးတပ်ပြီးကြည့်ပါလို့။