Movie Name
In Darkness (2018)
Year
2018
Generes
Thriller
Code
01300
Type
Movie
Size
800 MB
Country
Hollywood
Description
လျှို့ဝှက်သည်းဖိုမှုခင်းဇာတ်ကားကောင်းများကို ကြိုက်နှစ်သက်တတ်တဲ့ သူတွေအတွက် ယခုလအတွင်းကမှ ထွက်ရှိထားတဲ့ In Darkness ဆိုတဲ့ ဇာတ်ကားကို တင်ဆက်လိုက်ရပါတယ်။ဒီဇာတ်ကားကို ဒါရိုက်တာ Anthony Byrne ကရိုက်ကူးပြီးတော့၊HBO ရဲ့နာမည်ကျော် TV Series မှာ Margaery Tyrell အဖြစ်လည်းကောင်း၊ The Hunger Game ဇာတ်ကားတွေမှာ Cressida အဖြစ်လည်ကောင်း သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Natalie Dormer ကတော့ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ========== ဆိုဖီယာဟာ မျက်မမြင်အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ပီယာနိုပညာရှင်တစ်ဦးအဖြစ် ဘဝကိုရပ်တည်နေသူလည်းဖြစ်ပါတယ်။သူဟာ လက်ရှိငှားရမ်းနေတဲ့တိုက်ခန်းမှာ ခြောက်လကျော်ကြာမြင့်ခဲ့သည့်တိုင်အောင်နေထိုင်ခဲ့ပြီးသော်ငြားလည်း မျက်မမြင်တစ်ဦးဖြစ်တာကြောင့် အိမ်နီးချင်းမိတ်ဆွေ များများစားစားမရှိဘဲ သူ့တိုက်ခန်းရဲ့အပေါ်ထပ်မှာနေထိုင်တဲံ ဗရောနစ်အမည်ရှိ အမျိုးသမီးတစ်ဦးနဲ့သာ ခင်မင်ရင်းနှီးခဲ့ပါတယ်။တစ်ရက်မှာ ဗရောနစ်တစ်ယောက် အမျိုးသားတစ်ဦးနဲ့ စကားများပြဿနာတက်နေတာကိုဆိုဖီယာတစ်ယောက်ကြားကြားပြီးလိုက်ချင်းမှာပဲ ဗရောနစ်ဟာ တိုက်ပေါ်ကပြုတ်ကျလို့သေသွားခဲ့ပါတယ်။ ခဏကြာပြီးနောက် ရဲတွေရောက်လာပြီးဆိုဖီ့ယာကို ဗရောနစ်သေဆုံးမှုနဲ့ စစ်ဆေးမေးမြန်းရာမှာတော့ ဆိုဖီယာဟာဘာမှမကြားခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။ဒါနဲ့ ရဲတွေက ထိုအမှုကို ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုလို့သာ ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။သို့ပေမယ့် သင်္ကာမကင်းတဲ့ ရဲဘက်က စုံစမ်းစစ်ဆေးရေးမှူးမီလ်ဟာ ဗရောနစ်ရဲ့ နောက်ကြောင်းကို စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့……….။ဗရောနစ်ဆိုတဲ့အမျိုးသမီးက ဘယ်သူလဲ။ဆိုဖီယာကရော ဘာကြောင့်အမှန်အတိုင်း မထွက်ဆိုခဲ့တာလဲပြီးတော့ သူကဒီဇာတ်ကားရဲ့ ဘယ်လိုအခန်းကဏ္ဍကနေပါဝင်မလဲဆိုတာကိုတော့ IMDb 5.8 နဲ့ RT score 62% ရရှိထားတဲ့ In Darkness ဆိုတဲ့ ဇာတ်ကားကို ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ကြပါ။