Movie Name
Teacher's Diary (2014)
Year
2014
Generes
Comedy, Drama, Romance
Code
02011
Type
Movie
Size
906 MB
Country
Thai
Description
ဒီထိုင်းဇာတ်ကားလေးကိုကြည့်ပြီး တွေးစရာတွေများသွားခဲ့ပါတယ်။ပထမဆုံးပြောချင်တာက ဒီဇာတ်ကားမှာ ရိုက်ချက်တွေတော်တော်ငြိမ်ပါတယ်။လှုပ်ရှားမှုတိုင်း ပြကွက်တိုင်းမှာ အသက်ဝင်အောင်ရိုက်ကူးထားနိုင်ပါတယ်။ကိုယ်တိုင် ထဲထဲဝင်ဝင်လိုက်ကြည့်နေရသလိုမျိုး ငြိမ်ငြိမ်လေးရိုက်ကူးထားပါတယ်။ ဇာတ်လမ်းသဘောလေးကလဲ ကြည်နူးလွမ်းမောဖွယ်ရာပါ။ဆရာ/ဆရာမတွေရဲ့ မေတ္တာနဲ့ ကလေးလေးတွေရဲ့ဖြူစင်မှုကိုပေါင်းစပ်ပြထားပါတယ်။စာအုပ်တစ်အုပ်ကို အခြေခံလို့ သံယောဇဉ်တရားကိုပုံဖော်သွားတာ Edit Frame တွေလှပလွန်းပါတယ်။ဒီဇာတ်ကားကိုကြည့်ပြီး တွေးမိတာကတော့ ဒီလိုဇာတ်လမ်းမျိုး ၊ရှုခင်းမျိုး ၊ရိုက်ကွင်းမျိုးမြန်မာနိုင်ငံမှာ ရှိလို့ရိုက်ကူးဖြစ်ခဲ့မယ်ဆိုရင်တောင် ဒီလိုရသမျိုးပါအောင်မြန်မာ့ရုပ်ရှင်ဖန်တီးသူတွေ လုပ်နိုင်ပါ့မလားလို့ပါ။ဇာတ်လမ်းကတော့ မြန်မာဇာတ်ကားတွေမှာတွေ့နေကြ ဇာတ်လမ်းမျိုးလေးပါပဲ။ဒါပေမယ့် မြန်မာဇာတ်ကားနဲ့လုံးဝမတူတာကတော့ တင်ဆက်ပုံပါ။ငြင်သာလွန်းပါတယ်။ လုံးဝကိုနစ်မြောသွားမိပါတယ်။IMDb Rating (8/10) ရရှိထားတာ မလွန်လွန်းပါဘူး။မိသားစုနဲ့အေးအေးဆေးဆေးခံစားကြည့်ရှုကြဖို့ ထိုက်တန်တဲ့ဇာတ်ကားဖြစ်ပါတယ်။(မြန်မာစာတန်းထိုးကိုတော့ မယွန်းစန္ဒီ(Meoww Meoww) မှကိုယ်တိုင်ဘာသာပြန်တင်ဆက်ထားတာပါ။)