Movie Name
Kuntilanak (2018)
Year
2018
Generes
Comedy, Horror
Code
01302
Type
Movie
Size
851 MB
Country
Hollywood
Description
သရဲတစ္ဆေကားတွေကြိုက်နှစ်သက်တဲ့သူတွေအတွက် အင်ဒိုနီးရှားသရဲကားလေးဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်တွေရိုးစင်းပေမယ့် ထိတ်လန့်စရာကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အင်ဒိုနီးရှားသရဲဖြစ်တဲ့ ကွန်တီလန်နက်ခ်ဆိုတဲ့သရဲဟာ ကလေးငယ်တွေကိုဦးတည်ဖမ်းယူတတ်တဲ့ သရဲမျိုးပါ။ မြန်မာမှာဆိုရင် ညမှောင်တဲ့အချိန် တူတူပုန်းတိုင်းကစားရင် နတ်ဖွက်သလို အဲ့မှာလဲမိခင်မေတ္တာငတ်မွတ်နေတဲ့ကလေးတွေ၊ မိဘစကားနားမထောင်တဲ့ကလေးတွေကို သူနဲ့လိုက်မလားဆိုပြီးခေါ်ဆောင်ရင်း ဖမ်းခေါ်သွားတတ်တဲ့သရဲမျိုးလည်းဖြစ်ပါတယ်။ကြည့်ရတာစိတ်လှုပ်ရှားစရာကောင်းသလို ကလေးငယ်တွေနဲ့ဇာတ်အိမ်တည်ထားတဲ့အတွက် သရဲကားကြိုက်တဲ့သူတွေ အပန်းဖြေကြည့်နိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဖတ်ခနဲ ဖတ်ခနဲထွက်ထွက်ခြောက်တတ်ပြီး ညရိုက်ကွင်းတွေပိုများတဲ့အတွက် ဇာတ်ကားကြည့်ရင်း ညဖက်ခြောက်မယ့်အချိန်ဝင်လာမှာကိုတောင် လန့်နေရပါတယ်။အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ခံစားချင်တဲ့သူတွေကတော့ အင်ဒိုသရဲမနဲ့တွေ့လိုက်ကြပါဦး။