-
Movie Name
-
Laprechaun Returns (2018)
-
Year
-
2018
-
Generes
-
Comedy, Fantasy, Horror
-
Code
-
01304
-
Type
-
Movie
-
Size
-
871 MB
-
Country
-
Hollywood
-
Description
-
ဒီကားကတော့ Laprechaun Horror ဇာတ်ကားတွေရဲ့ နောက်ဆက်တွဲကားတစ်ကားဖြစ်ပါတယ်….ဒီကားမှာကတော့ Laprechaun လို့ခေါ်တဲ့ မှင်စာဟာပိတ်လှောင်ထားရာကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီးတော့ လူသားတွေကို သူ့အစွမ်းတွေကိုပိုမိုများပြားလာစေဖို့အတွက်ရွှေတွေကိုရှာခိုင်းပါတယ်…မရှာပေးနိုင်တဲ့လူတွေကိုတော့ သတ်ပစ်ပါတယ်…ထူးခြားတဲ့အချက်ကဒီနတ်ဆိုးမှင်စာကောင်ဟာ လူသတ်ရင်အစွမ်းထက်လာသလိုသူရှာခိုင်းထားတဲ့ ရွှေတွေရရင်ပိုပြီးအစွမ်းထက်လာတာပါပဲ…ဒီလိုရက်စက်ဆိုးသွမ်းတဲ့မှင်စာကောင်တစ်ကောင်နဲ့မိန်းကလေးတွေနဲ့တွေ့ကြတဲ့အခါ သတ်ဖြတ်မှု့တွေအများအပြားကစတင်လို့လာပါတော့တယ်…ဒီဇာတ်ကားရဲ့အညွှန်းကိုဖတ်ကြည့်လိုက်ရအောင်လား….စိတ်မကျန်းမာတဲ့မိခင် ဆုံးသွားပြီးတဲ့နောက်မှာ မိခင်ရဲ့ နေရပ်မြို့ဆီသို့ လိုင်လာတစ်ယောက် ကျောင်းလာတက်ခဲ့ပါတယ်။ သူမရဲ့မိခင်နေထိုင်သွားခဲ့တဲ့ အိမ်ဟောင်းလေးဟာ အခုတော့ ကောလိပ်ပိုင်ဖြစ်သွားပြီး အဆောင်အနေနဲ့ ဖွင့်ထားခဲ့ပါတယ်။ လိုင်လာ့ကိုလိုက်ပို့ရင်း မိခင်ရဲ့သူငယ်ချင်းဟောင်းဖြစ်သူ အိုဇီကတော့ ဒီအိမ်ရဲ့နောက်ကြောင်းဖြစ်ရပ်တွေကို သိပေမယ့် အားလုံးပြီးစီးသွားခဲ့ပြီလို့ ယူဆတာကြောင့် ဘာမှမပြောခဲ့ပါဘူး။ ဒါပေမယ့် ကံဆိုးစွာနဲ့ တစ်ကျော့ပြန် နတ်ဆိုးမှင်စာဟာ ပြန်လည်နှိုးထလာတဲ့အခါမှာတော့ …လိုင်လာတို့သူငယ်ချင်းတွေ ဘယ်လိုအရာတွေနဲ့ ကြုံတွေ့ရမယ်ဆိုတာကို ကြည့်ရှုအားပေးလိုက်ကြပါဦး…