-
Movie Name
-
Malevolent (2018)
-
Year
-
2018
-
Generes
-
Horror
-
Code
-
01305
-
Type
-
Movie
-
Size
-
700 MB
-
Country
-
Hollywood
-
Description
-
နောက်ဘဝဆိုတာရှိပါသလား။သေလွန်ပြီးနောက် တမလွန်ဆိုတာရှိပါသလား။ဒီဇာတ်ကားလေးရဲ့အစမှာတော့ သေလွန်ပြီးလူတွေက ပြန်လာတတ်တာမျိုးမဟုတ်ဘဲ ဘယ်ကိုမှမသွားကြတာပါတဲ့။သေလွန်ပြီးသူတွေနဲ့ဆက်သွယ်နိုင်ဖို့ဆိုတာ လူတိုင်းတော့ ဖြစ်နိုင်မယ်မထင်ပါဘူးဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Angela ကတော့ မျိုးရိုးစဉ်ဆက် အဲဒီ လက်ဆောင်ကိုပိုင်ဆိုင်ထားတာပါ။ ဒါပေမယ့် သူ့ကတော့ ကွယ်လွန်ပြီးသူတွေကိုမမြင်နိုင်ပါဘူး။မိဘမရှိဘဲ မောင်နှမ နှစ်ယောက်တည်း ဘဝကိုရုန်းကန်နေရတဲ့အချိန်မှာ Angela ရဲ့အစ်ကိုဖြစ်သူ Jackson က မိဘလက်ငုတ်လက်ရင်းအလုပ်လို့ပြောလို့ရတဲ့ သေလွန်ပြီးသူတွေနဲ့ဆက်သွယ်ပြီး ကောင်းရာမွန်ရာကိုပို့ပေးတဲ့အလုပ်ကိုလုပ်ကိုင်ဖို့အကြံရလာပါတယ်။ဒါပေမယ့် လက်ဆောင်ရဲ့အစွမ်းကိုမရနိုင်သေးတဲ့ Angela ကြောင့် လုပ်ဇာတ်ခင်းပြီးတော့ ကျန်ရစ်သူမိသားစုတွေကို နှစ်သိမ့်ပေးပြီး ဝင်ငွေရှာနေပါတယ်။ဒါပေမယ့် Angela ရဲ့လက်ဆောင်အစွမ်းပြလာချိန်မှာတော့ တကယ့်မကျွတ်မလွတ်သေးတဲ့ အသတ်ခံလိုက်ရတဲ့ကောင်မလေးသုံးယောက်ရဲ့ အိမ်ကိုရောက်သွားချိန်မှာတော့…IMDB Rating ကတော့ 4.9 ရရှိထားပါတယ်။Horror ချစ်သူတွေကြည့်လိုက်ကြပါဦး။