-
Movie Name
-
May The Devil Take You (2018)
-
Year
-
2018
-
Generes
-
Horror
-
Code
-
01310
-
Type
-
Movie
-
Size
-
1.04 GB
-
Country
-
Hollywood
-
Description
-
Demon ဆိုတဲ့ မိစ္ဆာတွေအကြောင်းရိုက်တဲ့ ကားတော်တော်များများ ကြည့်ဖူးကြမှာပါကျွန်တော်သိသလောက်ပြောရ ရင် Conjuring Universe ရှိမယ်The Nun ရှိမယ် 2015 ကရိုက်ထားတဲ့ Poltergeist ဆိုတဲ့ကားလဲရှိမယ် ဒါပေမယ့် ဒီကားတွေတော်တော်များများ သူ့ဟာနဲ့ သူတော့ ကောင်းကြပေမယ့်Demon ဆိုတဲ့ သရုပ်ကိုတော့ ပီပြင်အောင်မပြနိုင်ဘူး ထင်မိပါတယ်အခုကျွန်တော် review ရေးတဲ့ May The Devil Take Youမိစ္ဆာခေါ်ဆောင်ခြင်းခံရပါစေ ဆိုတဲ့ အင်ဒို ကားလေးကတော့Demon ဇာတ်ရုပ်ကိုတော်တော်လေး အသားပေးဖော်ပြ ထားပါတယ်နတ်ဆိုးတစ် ကောင်ရဲ့ ရုပ်လုံးရုပ်ထည် သူ့တန်ခိုးစွမ်းအား တွေကို သေချာမြင်ရမှာပါဇာတ်လမ်း အစမှာ လတ်စမန် ဆိုတဲ့ လူတစ် ယောက်က နတ်ဆိုးတစ်ကောင်ကိုအနက်ရောင်သီလရှင်ဆိုတဲ့ ကိုယ်စားလှယ်တစ်ယောက်အကူညီနဲ့ ဆင့်ခေါ်ခဲ့ပါတယ်ပြီးတော့ အပေးအယူတစ်ခု လုပ်ခဲ့ပါတယ် ဒါပေမယ့်နတ်ဆိုးဆိုတဲ့အမျိုးက သူ့ဘက် ကတစ်ဗန်းမသာပဲအပေးအယူမလုပ်တတ် ဘူးဆိုတာ သိတဲ့သူတွေသိကြမှာပါ ဒီလိုနဲ့လတ်စမန်ကအရမ်းအောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်လာတယ်ပြီးတော့သူ့အရင် ဇနီးမယားနဲ့ သမီးလေးကို ပစ်ပြီးနာမည်ကြီးရုပ်ရှင်မင်းသမီးဟောင်း တစ်ဦးနဲ့ လက်ထပ်ခဲ့တယ်သိပ်မကြာပါဘူး ရုတ်ချည်းလက်ထဲရောက်လာတဲ့အောင်မြင်မှု ကတစ္ဆေတစ်ကောင် လာရောက်ခိုးယူသွား သလိုပဲရုတ်ချည်းဆိုသလိုဒေဝါလီခံရတဲ့ ဘဝပါရောက်သွားခဲ့တယ်ဒီလိုနဲ့ လတ်စမန်လဲ သူအရင်နတ်ဆိုးနဲ့အပေးအယူ လုပ်တဲ့ အပန်းဖြေအိမ်ကိုပြန်သွားခဲ့တယ်အဲ့နောက်ပိုင်း ဘာသံမှမကြားရပဲနဲ့ တစ်ကိုယ်လုံးကိုယ်အရေပြားရောဂါတွေစွဲ ကပ်နေတဲ့လတ်စမန်ကို အပန်းဖြေအိမ်နား မှာရုပ်ပျက်ဆင်းပျက်နဲ့တွေ့ခဲ့ကြတယ် ဆေးရုံထက်က ကုတင်မှာမလှုပ်မယှက်သတိလစ်နေတဲ့ လတ်စမန်တစ်ယောက် သူနတ်ဆိုးနဲ့ဘာတွေများ လုပ်ခဲ့တာလဲဘယ်လို သူတော်စင်တွေခွင့်မလွှတ်နိုင်တဲ့အမှုကိုပြု ခဲ့တာလဲ ဆိုတာတော့သူ့သမီးအရင်းလေးရော နောက်မယားသားသမီးတွေပါ ကံဆိုးစွာနဲ့မသိခဲ့ကြပါဘူး ထိုကံဆိုးမှုရဲ့နောက်ကွယ်မှာ ဘယ်သူကကြိုးကိုင်နေတာလဲဘယ်လိုရွံရှာစက်ဆုပ်ဖွယ်ရာ နာနာဘာဝကလက်ဝါးကြီးအုပ်ထားတာလဲ ဆိုတာတော့ကိုယ်တိုင်ပဲကြည့်ရှုခံစားမှ သိရမှာပါဒီဇာတ်ကား rating က Rotten Tomatoes မှာ80% ရထားတာအံ့သြစရာမရှိပါဘူး Jumpscare အများကြီးမပါပေမယ့်သမားရိုးကျသရဲခြောက်မှုတွေက ကွဲထွက်ပြီးအသွင်သစ်တစ်မျိုးနဲ့ horror ရသကိုခံစားရစေမှာပါကျွန်တော့်အမြင်ပြောရ ရင် The Nun ကြီးကိုတောင်ဒီသရဲကားလိုဖြစ်စေချင်တယ် Demon ဆိုတာ ဘယ်တော့မှကိုယ်တိုင်ဝင်မပါတတ်ပါဘူး ပရလောကနယ်ပယ်မှာ သြဇာညောင်းနေတဲ့ဝိညာဉ်ထိန်းတွေအနေနဲ့ သူတို့လက်အောင်ကတစ္ဆေသရဲ အသူရကယ်တွေကိုပဲ လက်ပါးစေခိုင်းတတ်ပါတယ်Demon ကြီးရုပ်လုံးကိုအထင်းသားကြီးမပြထားပေမယ့် လို့ရေးတရေးလေးနဲ့ညသံခေါင်မှာ ကြက်သီးထရလောက်အောင်ကျောချမ်းစရာကောင်းပါတယ် IMDb မှာလဲ 6.9 ရထားတဲ့သရဲကားဆိုတော့ ကြောက်ရွံ့ခြင်းတွေခြုံလှုံထားတဲ့ရသကိုခံစားချင်တဲ့သူတွေအတွက် တကယ့်ကိုကြည့်သင့်တဲ့ကားပါဒီ အင်ဒိုနီးရှား သရဲကားကို ဟိန်းသက်နိုင် က ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်