-
Movie Name
-
Munafik 2 (2018)
-
Year
-
2018
-
Generes
-
Horror
-
Code
-
01316
-
Type
-
Movie
-
Size
-
953 MB
-
Country
-
Hollywood
-
Description
-
ဒီသရဲကားကို တစ်ယောက်ထဲကြည့်ရဲရင် တော့အကောင်ပဲ(သရဲမကြောက်တဲ့ကောင်)အခု Munafik 2 ဆိုတဲ့ကားလေးက မလေး သရဲကားပါMunafik 1 ကတော့ 2016 ကရိုက်ခဲ့တာဖြစ်ပြီး ကျွန်တော်လဲမကြည့်ဖူး တော့မသိပါဘူး ဒီကားလေးကြည့်မှမလေးလဲ တော်တော်လေးရုပ်ရှင်အဆင့်တန်းတိုးတက်လာပြီဆိုတာ သိလိုက်ရတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ မလေးဆိုတဲ့အတိုင်းအစ္စလာမ်ဘာသာ ကိုးကွယ်သူတွေပေါ့ သိကြတဲ့အတိုင်းပဲမွတ်ဆလင်မှာ စွန်နီနဲ့ ရှီရတ် ဆိုပြီးဘာသာ ရေး ဂိုဏ်းနှစ်ဂိုဏ်းကွဲနေပါတယ်တချို့ကြပြန်တော့ လဲ ဘာသာရေးခု တုံးလုပ်ပြီး လိမ်စားညာစားလုပ်တာတွေ ရှိပါတယ်ထိုအထဲမှာမှ အာဘူဂျာဆိုတဲ့ ဘိုးတော်ကအဆိုးဆုံးပါသူ့ဂိုဏ်းထဲမ ဝင်တဲ့သူ သူ့အဆုံးမလမ်းစဉ်တွေမလိုက်နာ တဲ့သူဆိုသူ့တပည့်တွေနဲ့ နှိပ်စက်ကလူ ပြုတဲ့အပြင်အောက်လမ်းအတိုက်နဲ့လဲ တိုက်တတ်ပါသေးတယ် ဒါကို သမာသမတ် ရှိတဲ့တရားပြဆရာလေး အဒမ်နဲ့ ထိပ်တိုက် တွေ့ဖို့ အကြောင်းဖန်လာတဲ့တစ်နေ့အကောင်းနဲ့အဆိုး အလင်းနဲ့အမှောင်ဘုရားနဲ့ မိစ္ဆာ ဘယ်လိုအားပြိုင်ထားလဲ ဆိုတာကြည့်ရမှာပါဘာသာရေးကားလဲဟုတ်သလို သရဲကားလဲ ဖြစ်နေပြန်ပါတယ်ဒါကတော့ စပွိုင်းသလိုဖြစ် သွားမှာစိုးလို့ကိုယ်တိုင်ပဲကြည့်ကြပါကျွန်တော်ဒီလအတွင်းမယ်ပြန်ခဲ့တဲ့Asian သရဲကားတွေတော်တော်များများသူ့ဟာနဲ့သူအတော်လေး ဒီဇိုင်းကာလာလန်းနေတယ်ဒါပေမယ့်ဒီကားလေးကကြောက်ဖို့အ ကောင်းဆုံးလို့ဆိုရမှာပါဒီကားထဲကသရဲတွေက လူတွေမကြောက် လောက်တဲ့အကွက်တွေကိုသိနေပြီပုံမှန်ခြောက်နေကြအကွက်နဲ့ခြောက်မှာ မဟုတ်တော့ပါဘူးအာ့ကြောင့်ကြည့်နေရင်း အာ ဒီအခန်းက အပေါ်ကကျလာမှာလေအောက်ကရောက်လာမှာ ဘာညာမှန်းပြီး ကြည့်ရင်တော့သေးပါထွက်ကျသွားပါလိမ့် မယ် အာ့ကြောင့်ကြည့်ရဲရင်အကောင်လို့ပြော ခဲ့တာပါကဲ လေကြောရှည်မနေတော့ဘူး ညရောက်တာနဲ့ ဒေါင်းပြီးတံခါးပိတ်မီးပိတ် နားကြပ်တပ်ပြီး ထိတ်လန့်ခြင်းအနုပညာကိုကောင်းကောင်းကြီးခံစားကြည့်ကြပါကုန် rating အနေနဲ့IMDb မယ် 7.8 အထိရထား ပါတယ်ဂျင်းကား မဟုတ်တာကို အာမခံပါတယ်….ရုပ်ရှင်ကားကို Hein Thet Naing က ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။