Movie Name
Our House (2018)
Year
2018
Generes
Drama, Horror, Thriller
Code
01320
Type
Movie
Size
848 MB
Country
Hollywood
Description
အီသန် ဟာ စာကျိုးစားတဲ့ ကျောင်းသား တစ်ယောက်ဖြစ်ပြီးကျောင်း ပရောဂျက် တစ်ခု အတွက် သူငယ်ချင်းများနဲ့စက်တစ်ခုကို တီထွင်နေခဲ့ပါတယ်…သူတို့ တီထွင်နေခဲ့တာက စက်ပစ္စည်းတွေကို ကြိုးတွေမလိုပဲလေလှိုင်းထဲကနေ ချိတ်ဆက်တဲ့ နည်းပါ… ဒီလို လေ့ကျင့်ခန်း တွေ ပရောဂျက်တွေ ကြောင့်အချိန်မရှိ လုံးပမ်းနေရပြီး မိသားစု နဲ့ ရော မောင်နှမတွေနဲ့ပါတစ်ဖြေးဖြေး အဆက်ပြတ်လာခဲ့ပါတယ်…တစ်နေ့သော အခါမှာတော့ ကျောင်းပရောဂျက် အတွက်စက်ကို တီထွင်နေကြရင်း ထိုညက အီသန် အိမ်မပြန်ဖြစ်ပါဘူးသူအိမ်မပြန်တဲ့ အတွက် သူ သွားကြိုရမယ့် အဒေါ်ဖြစ်သူကိုမိဘ ၂ ပါး သွားကြိုကြရင်း လမ်းမှာ အက်ဆီးဒင့် တစ်ခုကြောင့်ပွဲချင်းပြီး ဆုံးပါးသွားပါတော့တယ်…ဒီလိုနဲ့ ကျောင်းကိစ္စ နဲ့ သူ့အိပ်မက်တွေကို လက်လျှော့လိုက်ပြီးအီသန် တစ်ယောက် ရရာ အလုပ်လုပ်ရင်း ညီလေး ညီမလေးတွေကိုစောင့်ရှောက်နေရပါတော့တယ်…ဒါပေမဲ့ အီသန် မသိလိုက်တာကတော့ သူတို့ အိမ်ထဲကိုအမျိုးအမည် ဖော်ပြမရတဲ့ တစ်ခုခု ဝင်ရောက်နေခဲ့တယ်ဆိုတာပါပဲ…ဒီရုပ်ရှင်ကားကို ဝေဇင် က ဘာသာပြန်ပေးထားပါတယ်