Movie Name
Terrortory 2 (2018)
Year
2018
Generes
Horror
Code
01331
Type
Movie
Size
881 MB
Country
Hollywood
Description
(ကြောက်တတ်သူများမကြည့်သင့်ပါ…)ဒီတစ်ခေါက်CMပရိသတ်ကြီးကို တင်ဆက်ပေးချင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကတော့ Terrortory (2018)ကားလေးပဲဖြစ်ပါတယ်။ဒီကားကတော့ Horror Thriller အမျိုးအစားဖြစ်ပြီးတော့ တော်တော်လေးကြည့်ကောင်းတဲ့ကားလေးပါလို့ညွှန်းရင်လဲမမှားပါဘူး။ သရဲကားကိုမှ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ထူးထူးဆန်းဆန်းလေးရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ပြလိုပါသေးတယ်။ဇာတ်လမ်းလေးက တောကြီးမျက်မည်းထဲမှာ အဖိုးကြီးတစ်ဦးနဲ့ လူတစ်ယောက်ဆုံမိရာကစပါတယ်။သူတို့အချင်းချင်းစကားစမည်ပြောဆိုရာက ဒီတောအုပ်က သာမာန်တောအုပ်တစ်ခုမဟုတ်တဲ့အပြင် မကောင်းဆိုးရွားတွေလဲ အမျိုးအစားစုံစွာတည်ရှိနေကြောင်းကိုသိလာရပါတော့တယ်။အဖိုးကြီးက တောထဲမှာကျင်လည်ကျက်စားသူပီပီ အန္တရာယ်တွေရှောင်ကွင်းသွားရင်း လူငယ်လေးကိုတောကြီးအကြောင်းပုံပြင်တွေပြောပြကာ ဇာတ်လမ်းကိုအရှိန်ယူပါတယ်။အပြင်လောကနဲ့ဆက်စပ်နေတဲ့ ဒီဇာတ်လမ်းတွေက ပုံပြင်သက်သက်လား တကယ့်အဖြစ်အပျက်လား?အဖိုးကြီးကရော ဘာလဲ?ကောင်လေးကရောဘာလဲ? ဒီလိုမေးခွန်းပေါင်းများစွာတွေ ပုံပြင်ထဲကအဖြစ်အပျက်တွေ တောအုပ်ကြီးမှာ ချမှတ်ထားတဲ့စည်းကမ်းတွေ စတဲ့ထူးဆန်းမှူများစွာနဲ့ ကြည့်ရှုရမယ့် ကားလေးတစ်ကားပါ။သွေးထွက်သံယိုတွေ ဝတ်လစ်စလစ်တွေပါဝင်လို့ ကလေးငယ်များအနေနဲ့ မိဘညွှန်ကြားချက်နဲ့သာကြည့်သင့်ပါတယ်။သရဲကားဆိုရင် ဖြဲခြောက်တာမျိုးကိုသဘောမကျပဲ ဇာတ်လမ်းဇာတ်အိမ်နဲ့ရှိတဲ့ကားမျိုးသဘောကျတယ်ဆိုရင်တော့ ဒီTerrortory (2018)ကားလေးကသင့်တော်မှာပါလို့ပဲ ညွှန်းလိုက်ပါတယ်။