-
Movie Name
-
The House Of Violent Desire (2018)
-
Year
-
2018
-
Generes
-
Horror, Thriller
-
Code
-
01345
-
Type
-
Movie
-
Size
-
940 MB
-
Country
-
Hollywood
-
Description
-
ဒီသည်းထိတ်ရင်ဖိုဇာတ်ကားလေးကိုတော့ ၁၉၄၀ခုနှစ်ပိုင်းလောက်မှာဇာတ်အိမ်တည်ထားပါတယ် လူတွေနေထိုင်ရာအရပ်နဲ့ခပ်ဝေးဝေးတစ်နေရာမှာ “Black Rock” လို့အမည်ရတဲ့စံအိမ်ကြီးတစ်အိမ်ရှိပါတယ် ထိုအိမ်မှာတော့ ဝှစ်ပလီမိသားစုတစ်စုနေထိုင်ကြပါတယ် တစ်ညမှာတော့ ဝှစ်ပလီမိသားစုတစ်စုလုံး အငယ်ဆုံးသမီးဖြစ်သူအယ်ဗလင်းရဲ့ထိတ်လန့်ကြီးစွာအော်ဟစ်လိုက်သံကြောင့် လန့်နိုးပြီးသွားအကြည့်မှာတော့ ညအိပ်ဝတ်စုံတစ်ခုလုံးသွေးတွေနဲ့ရွှဲနစ်နေပြီး ကုတင်ပေါ်မှာချည်နှောင်ထားခံရတဲ့အယ်ဗလင်းကို တွေ့လိုက်ရပါတယ် အဲ့ညမှာတင်ပဲ အယ်ဗလင်းရဲ့ဖခင်ဖြစ်သူ ဟာကင်လဲ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ် အဲ့အဖြစ်အပျက်တွေဖြစ်ပြီးနောက်တစ်ရက်ည… မိုးတွေသည်းသည်းမည်းမည်းရွာနေပြီးမုန်တိုင်းတိုတ်ခတ်နေတဲ့ည… အဲ့ညမှာ ဘယ်ကမှန်းမသိရတဲ့လူစိမ်းတစ်ယောက် “Black Rock” အိမ်တော်ကြီးကိုရောက်ရှိလာခဲ့ပြီးတစ်ညတည်းခိုခွင့်တောင်းဆိုခဲ့ပါတယ် ဝှစ်ပလီမိသားစုရဲ့သခင်မအလိုင်ဇာအနေနဲ့ ထိုလူကိုအိမ်မှာတစ်ညတည်းခိုခွင့်ပေးခဲ့သည့်အချိန်ကစပြီးတော့ ဝှစ်ပလီမိသားစုဝင်တွေဟာ ရမ္မက်မီးတွေတောက်လောင်လာခဲ့ကြပါတယ် ဒါ့အပြင် ဝှစ်ပလီမိသားစုရဲ့စက်ဆုတ်ဖွယ်အတိတ်ဆိုးများပါ တဖြည်းဖြည်းပေါ်ပေါက်လာကာ ဝှစ်ပလီမိသားစုဝင်တွေကိုခြောက်လှန့်လာပါတော့တယ် အဲ့လိုနဲ့ရှေ့ဆက် ဝှစ်ပလီမိသားစုဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ပါဦး