Movie Name
The Lingering (2018)
Year
2018
Generes
Horror
Code
01348
Type
Movie
Size
667 MB
Country
China
Description
ကဲနောက်ထပ် သရဲကားလေးတစ်ကားဘာသာပြန်ပေးလိုက်ပါတယ်ဒီတရုတ်သရဲကားကိုကြည့်ရဲတဲ့ကောင်လဲအကောင်ပဲ ငစ်ငစ် ဘာကောင်လဲဆိုစိတ်ခိုင်တဲ့ကောင် အင်မတန်ကြေကွဲစရာကောင်းတဲ့ ဇာတ်လမ်းလေးကို သူ့ဟာနဲ့သူလိုအပ်ချက်လေးတွေရှိပေမယ့်ရင်ထဲထိအောင်ရိုက်ပြသွားပါတယ်တရုတ်တွေလဲ မဆိုးဘူးတော်တော်တိုးတက်လာပြီ(YBS ပေါ်မဟုတ်ပါ) :3ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ဘာမှသိပ်ပြောစရာမရှိဘူး တရုတ်ပြည်ကချို့တဲ့တဲ့ ရွာငယ်လေးတစ်ရွာမှာ မိသားစုတစ်စုရှိတယ် အဖေရယ်အမေရယ်သားလေးရယ်နဲ့ သုံးယောက်တစ်အိမ်ထောင်လေးပေါ့ ဖေကြီးက သစ်စက်တစ်ခုမှာအလုပ်လုပ်နေတဲ့အလုပ်ကြမ်းသမားပေါ့ လောကဓံရဲ့ဆိုးယုတ်မှုတွေကလူချမ်းသာ သူဆင်းရဲမရွေးပါ မိသားစုစုံစုံလင်လင် သိုက်သိုက်မြိုက်မြိုက်လေးဘိုးဘွားတွေကိုကန်တော့မယ့်တရုတ်နှစ်သစ်ကူးအကြိုနေ့မှာ သားလေးနဲ့အမေကြီး မျှော်တလင့်လင့်စောင့်နေရှာတဲ့အိမ်ဦးနတ်ကြီးပြန်မရောက်လာခဲ့ပါဘူးအဲ့နောက်ပိုင်း သူတို့မိသားစုလေးဘယ်လို ဘယ်ပုံခရီးဆက်သလဲဆိုတာတော့ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်ပါဒီကားမှာ ပါတဲ့ သရဲခြောက်မှုလေးတွေကလဲအတော်ဆန်းကြယ်လာပါတယ် တချို့နေရာလေးတွေ သုံးသွားတဲ့ jumpscare အရမ်းကောင်းတယ်ဒါပေမယ့် တချို့နေရာတွေကျ ယုတ္တမရှိတာ မလိုအပ်တာအားနည်းတာလေးတွေ တွေ့ရပါတယ်လိုအပ်ချက်တွေပါနေပေမယ့် Drama နဲ့ Horror ပေါင်းစပ်ထားတဲ့အရောနှောလေးက ကြည့်ပြီးတာနဲ့ message တစ်ခုကောင်းကောင်းရလိုက်မှာအသေချာပါပဲ ဒီကားဟာသရဲကားကြီးပဲမဟုတ်ပါဘူးDrama ပိုင်းလေးလဲပါပါတယ် အဲ့ဒါတော့spoil သလိုဖြစ်သွားမှာစိုးလို့မပြောတော့ဘူးပုံမှန်ကြည့်နေကြ တရုတ်သရဲကားမျိုးမဟုတ်ပဲဇာတ်ညွှန်းဆရာပေး ချင်တဲ့ messageသူပေးချင်တဲ့ ရသကို ရုပ်လုံးရုပ်ထည်အပီပြင်ဆုံးမဟုတ်တောင် ခံစားလို့ကောင်းမယ့် ကြည့်ရှုသူရင်ထဲရောက်မယ့် ကားလေးဆိုတော့ ကိုယ်တိုင်ကြည့်ပြီးတာနဲ့ကောင်းလိုက်လေခြင်းဘာညာဖြစ်သွားမှာပါ ဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင် က ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင် ရေးပေးထားပါတယ်