Movie Name
The Little Stranger (2018)
Year
2018
Generes
Drama, Horror
Code
01349
Type
Movie
Size
899 MB
Country
Hollywood
Description
၁၉၄၈ ခုနှစ် နွေရာသီမှာဖြစ်သည်။မနက်စောစော ကိုယ်လက်သန့်စင်ကာ မုတ်ဆိတ်ရိတ်နေရင်းသူ့ဆီဖုန်းဝင်လာသည်။ဟန်ဒရစ် အိမ်ကြီးဆီလူနာသွားကြည့်ပေးဖို့ဖြစ်သည်။ဟန်ဒရစ်အိမ်ကြီးသည် သူနှင့် စိမ်းသည်တော့မဟုတ်။ အဲစ် မိသားစုမှာ ရာစုနှစ် နှစ်ခုသုံးခုတိုင်ထိုအိမ်ကြီးတွင်နေထိုင်ခဲ့ကြသော လူကုန်ထံများဖြစ်သည်။ဂုဏ်ပကာသန ထည်ဝါစွာအဆင့်မြင့်မြင့်နေထိုင်ခဲ့ကြသူများဖြစ်သည်။သူတို့ ခုလည်းဒီလိုပဲနေထိုင်တုန်းလားမသိ။သူကိုယ်ပိုင်ကားလေးမောင်းပြီး တောလမ်းများဖြတ်ကာအိမ်ကြီးဆီရောက်လာခဲ့ပြီ။ရှေ့ဂိတ်ပေါက်ရှိသော်လည်း နောက်ဖက်ဂိတ်ပေါက်မှတံခါးကို ကားပေါ်မှကိုယ်တိုင်ဆင်းဖွင့်ကာ ခြံဝန်းထဲ ကားမောင်းဝင်လာခဲ့သည်..။ခြံဝန်းထဲရောက်သောအခါ မည်သူမျှမတွေ့။သူကားပေါ်မှဆင်းပြီး တစ်ချိန်ကထည်ဝါစည်ကားခဲ့သလောက် ယခုမျက်စိရှေ့တွင် တိတ်ဆိတ်ခြောက်ကပ်နေသော အိမ်ကြီးကို ရပ်ကြည့်နေမိသည်..။မည်မျှကြာအောင် ရပ်ကြည့်နေမိသည်မသိ။ခြေသံကြားမှ လှည့်ကြည့်လိုက်ရာ လူတစ်ယောက်မှ သူ့ဆီလျှောက်လာရင်း လှမ်းနှုတ်ဆက်၏…။“ဟယ်လို..ခင်ဗျားကဘယ်သူတုန်း” “ကျွန်တော် ဒေါက်တာ ဖာရာဒေးပါ”နှုတ်ဆက်သူမှာ ခြေတစ်ဖက်ဆာနေပြီး သူ၏ညာဖက်ပါးပြင်နှင့် နားတစ်ဝိုက်တွင် မီးလောင်ပြီးအရည်ပြားများစုတ်နေသည့် အမာရွတ်ကြီးရှိသည်။သူကသူ့ကိုယ်သူမိတ်ဆက်၏။“ကျွန်တော်က ရော့ဒရစ်အဲရစ်ပါ ..ကားသံကြားတော့ ဒေါက်တာ ဂရန်ဂျာမှတ်နေတာ”………… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)