Movie Name
The Ring (2002)
Year
2002
Generes
Horror
Code
01359
Type
Movie
Size
950 MB
Country
Hollywood
Description
Rotten Tomatoes … 71%The Ring အဝန်းအဝိုင်းလို့လည်း အဓိပ္ပါယ်ရပါတယ်။ ဖုန်းမြည်သံလို့လည်းအဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်ကားနဲ့ ဆက်စပ်ကြည့်ရင် ဒီအဓိပ္ပါယ်နှစ်ခုလုံးကိုတွေ့ရမှာပါ။ ဒီသေမင်းတမာန် ဗီဒီယိုတိပ်ခွေ ဇာတ်လမ်းကို ကြည့်ဖူးသူတွေများမယ်ထင်ပါတယ်။ အဲဒါကြောင့် အထူးတလည်မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။ ဒီဇာတ်ကားလေးကို Ring ဆိုတဲ့ ဂျပန် ဇာတ်လမ်းတစ်ခုက ကျောရိုးယူပြီးရိုက်ထားပေမယ့်တစ်ဝက်လောက် အကြောင်းအရာမတူပါဘူး။ ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် မင်းသမီးနဲ့မင်းသားတို့က ဒီဇာတ်ကားကိုဟားစရာဖြစ်မယ်လို့ ထင်ထားခဲ့ကြပေမယ့် အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ သရဲမလေး ဆာမာရာနေရာက သရုပ်ဆောင်တဲ့ ကလေးသရုပ်ဆောင် Daveigh Chaseဆိုရင် သူ့ကိုယ်သူပြန်မကြည့်ရဲတဲ့အထိကြောက်မိပါတယ်တဲ့။ ဒီဇာတ်ကားလေးကို ပြန်လည်ခံစားချင်သူတွေ အရင်ကအရမ်းလန့်ခဲ့ဖူးတာလေးတွေကိုပြန်သတိရချင်သူတွေအတွက် ပြန်တင်ဆက်လိုက်ရပါတယ်ဗျာ။ဒီကားလေးက Rating မြင့်တဲ့ Horror, Mysteryဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာကြောင့်တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်)