-
Movie Name
-
The Shining (1980)
-
Year
-
1980
-
Generes
-
Drama, Thriller
-
Code
-
01361
-
Type
-
Movie
-
Size
-
1 GB
-
Country
-
Hollywood
-
Description
-
ပရိသတ်ကြီးကို ၁၉၈၀ ခုနှစ်က အရမ်းအောင်မြင်ခဲ့တဲ့ Drama/ Horrorဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာ နာမည်ကျော် The Shawshank Redemption ဇာတ်ကားရဲ့ မူရင်းစာရေးဆရာ Steven King ရဲ့ နာမည်ကျော် စာအုပ်တစ်အုပ်ကို ရုပ်ရှင်အဖြစ်ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။Rating အရ IMDb 8.4/10 နဲ့ RT 88% ရရှိခဲ့တာပါ။Old but Gold ပါပဲ….????ဇာတ်လမ်းကတော့………..ဘဝမှာ အောင်မြင်မှုမရခဲ့တဲ့ ကျောင်းဆရာလူထွက် ဖခင်တစ်ယောက်…ခင်ပွန်းနဲ့သားကို ချစ်တတ်လွန်းတဲ့မိခင်တစ်ယောက်….ထူးခြားတဲ့ပါရမီတစ်ခုကို ပိုင်ဆိုင်ထားပြီးချစ်ရာကောင်းတဲ့ ကောင်လေးတစ်ယောက်…..အဲဒီသုံးယောက်ပေါင်းစပ်ထားပြီး မပြည့်စုံတဲ့ မိသားစုတစ်ခုဟာမကြာသေးမီအချိန်ကပဲ ဆိုးရွားတဲ့လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တဲ့၊ ရာသီဥတုဆိုးတဲ့ဆောင်းတွင်း ကာလမှာပိတ်ထားရပြီး အင်ဒီးယန်းတွေရဲ့ သုဿန်မြေဟောင်းပေါ်မှာတည်ဆောက်ထားတဲ့ ကော်လိုရာဒိုကရှေးဟောင်းဟိုတယ်တစ်ခုမှာ ဆောင်းတွင်းဘက် ဟိုတယ်အစောင့်အလုပ်ကို လက်ခံခဲ့ပြီးတဲ့နောက်မှာတော့…….. ဒီဇာတ်ကားမှာ အော်စကာဆုအတွက်ရာထားခံရမှုအများဆုံးနဲ့၊ အော်စကာဆု ၃ ဆု ဆွတ်ခူးခဲ့သူဖြစ်တဲ့Jack Nicholson က ခေါင်းဆောင်ပါဝင်ထားပြီး ထိပ်တန်းHorror Movies List မှာပါဝင်တဲ့ ဇာတ်ကားကောင်းဇာတ်ကားဟောင်းဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။