-
Movie Name
-
The Thinning (2016)
-
Year
-
2016
-
Generes
-
Action
-
Code
-
01362
-
Type
-
Movie
-
Size
-
796 MB
-
Country
-
Hollywood
-
Description
-
The Thinning (2016)ဇာတ်ကားကတော့ Thriller အမျိုးအစားပါDirected by Michael J. Gallag’her ဖြစ်ပါတယ်IMDb 5.7/10 ဖြစ်ပြီး Rotten Tomatoes ရဲ့ Audience Score မှာလည်း 62% ရရှိထားပါတယ်ကိုယ်လည်းစကြည့်တုန်းက အစပိုင်း၁၀မိနစ်လောက်ထိဘာလဲပေါ့ဆိုပြီး ကြည့်ခဲ့တာ တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဇာတ်လမ်းအဆုံးထိဘာဖြစ်မလဲသိချင်အောင်ဆွဲခေါ်သွားခဲ့တယ် သမားရိုးကျဇာတ်လမ်းတွေကနေခွဲထွက်ထားတော့ ပိုကောင်းတာပေါ့(စာကျက်ပျင်းတဲ့သူတွေပိုကြည့်သင့်ပါတယ်နော်?)2038 ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းလုံးလူဦးရေသိပ်သည်းမှုကြောင့်နိုင်ငံတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့လူဦးရေထူထပ်လာမှုကို လျှော့ချကြပါတယ် နှစ်တိုင်းမှာလူဦးရေရဲ့ငါးရာခိုင်နှုန်းကို လျှော့ချကြတာပါကလေးတစ်ယောက်ပဲ မွေးရမယ်တို့ ဘာတို့ဒါပေမယ့် အမေရိကမှာတော့ ကျောင်းသားကျောင်းသူတွေကို စစ်ဆေးမှုပြုလုပ်ပါတယ် စာမေးပွဲပေါ့စစ်ဆေးမှုရဲ့ အဆင့်အနိမ့်ဆုံး အမှတ်အနည်းဆုံးကျောင်းသားကျောင်းသူတွေကို thinning လုပ်လိုက်တယ် သတ်ပစ်လိုက်တာပေါ့? Laina Michaels (Peyton List)▪ တက္ကဆက်ပြည်နယ် ဗစ်စတာပွိုင့်အထက်တန်းကျောင်းရဲ့အတော်ဆုံးကျောင်းသူတစ်ဦး▪ မိခင်ရဲ့ကျန်းမာရေးကြောင့် ဆေးဖိုးဝါးခရှာရင်း ကျူရှင်လဲသင် စာမရတဲ့ကျောင်းသားတွေကို ခိုးချလို့ရတဲ့ မျက်ကပ်မှန်လေးတွေရောင်းရင်း▪ ကော်ရင်းနဲ့ဂျိုဝီဆိုတဲ့ ညီမလေးနဲ့မောင်လေးကိုလည်း ပြုစုစောင့်ရှောက်နေတဲ့ မမတစ်ယောက်▪ စစ်ဆေးမှုမှာ အမြဲ90%ကျော်နေခဲ့ပြီး ဘာလို့ စစ်ဆေးမှုကျရှုံးသွားရတာလဲ? Blake Redding (Logan Paul) & Ellie Harper ( Lia Marie Johnson)▪ သူတို့ကတော့coupleပါ မြို့တော်ဝန်ရတ်ဒင်းန်ရဲ့ သားဖြစ်သူ ဘလိတ်ရတ်ဒင်းန်နဲ့ကျောင်းကခပ်လန်းလန်းကောင်မလေး အယ်လီဟက်ပါ▪ စစ်ဆေးမှုမတိုင်ခင်ညမှာ ချိန်းတွေ့ကြတာမိသွားတော့ မြို့တော်ဝန်က သူ့သားကျမှာစိုးလို့မပေါ့လျော့ဖို့ဆုံးမ မနက်ရောက်တော့ စစ်ဆေးမှုမှာ အယ်လီကျသွားတယ် ▪ ချစ်သူကိုအဆုံးရှုံးမခံနိုင်တဲ့ဘလိတ်ခ်က အဖေကို အကူအညီတောင်းပေမယ့် ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးလို့ငြင်းခံရတော့ ▪ ဒီစနစ်ကိုဒီလောက်ထောက်ခံရလားဆိုပြီး သူပါ တမင်ကျရှုံးအောင်ဖြေမယ့်အကြောင်း videoတစ်ခု လုပ်ထားခဲ့တယ် ရမှတ်တွေမထွက်ခင် မြို့တော်ဝန် သိသွားတဲ့အခါတားမှာလား ဥပဒေအတိုင်းထားမှာလား?♂️ Kellan Woods (Calum Worthy)▪ လီနာရဲ့သူငယ်ချင်းကောင်း ▪ စီစီတီဗွီတွေကိုအမြဲဟက်ပြီး ကြည့်လေ့ရှိသူ ▪ သတင်းထောက်လည်းဖြစ်ချင်တဲ့အတွက် နာမည်ကျော်သတင်းထောက် ဝမ်ဒီဆီကိုသတင်းတွေ အမြဲပို့နေသူတစ်ယောက်Thinning လုပ်တယ်ဆိုတာကရော ဘယ်လိုနည်းနဲ့သတ်ပစ်တာလဲ စစ်ဆေးမှုရလာဒ်တွေကရော အမှန်တိုင်းဟုတ်ရဲ့လား ကယ်လန်ကရော စီစီတီဗွီမှတ်တမ်းကနေတစ်ဆင့် သူငယ်ချင်းတွေကိုဘယ်လိုကူညီနိုင်မှာလဲ သနားစရာလီနာနဲ့ အယ်လီတို့ကရော ကယ်တင်ခံရမှာလား ဘလိတ်ခ်ကရော သတ်ပစ်ခံရတဲ့ထဲပါသွားမှာလားဆိုတာ Channel Myanmar ကနေတစ်ဆင့် ကြည့်ရှုခံစားကြမယ်နော်ဘာသာပြန်သူကတော့ Thit Nyein Han ဖြစ်ပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်