Movie Name
They Remain (2018)
Year
2018
Generes
Thriller
Code
01366
Type
Movie
Size
800 MB
Country
Hollywood
Description
They Remain ဆိုတဲ့ ဇာတ်လမ်းကတော့ Thriller/Horror အမျိုးအစားဖြစ်ပါတယ်။Rotten Tomato 61% ရထားတဲ့ ဘဘာဝလွန်ဇာတ်လမ်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Keith နဲ့ Jessica ဆိုတဲ့ သုတေသန ပညာရှင်နှစ်ယောက်က သစ်တောတစ်ခုထဲမှာ အမည်ဖော်လို့မရတဲ့ အရာတစ်ခုကို ဖော်ထုတ်ပြီးသုတေသနလုပ်ဖို့ စေခိုင်းခံရပါတယ်။ပထမတော့ သူတို့နှစ်ယောက်ဟာ တိရိစ္ဆာန် မျိုးရိုးဗီဇအသစ်နဲ့ အပင်မျိုးစိတ်အသစ်ကိုပဲ သုတေသနပြုလုပ်ရမယ်လို့ထင်ကြပါတယ်။သူတို့ သုတေသန ပြုလုပ်ရမယ့် သစ်တောနားက ကွင်းပြင်မှာပဲ စခန်းချပြီး စတင် ရှာဖွေကြပါတော့တယ်။ ဒါပေမဲ့ သူတို့သိလိုက်ရတာက တစ်ချိန်က လူပေါင်းမြောက်မြားစွာ အသတ်ခံရပြီးကိုအဲ့ဒီနေရာမှာပဲ မြုပ်နှံထားတာပဲဖြစ်ပါတယ်။အဲဒီနေရာမှာ လူဆိုလို့ သူတို့နှစ်ယောက်ပဲရှိပေမဲ့ သူတို့တွေ့တွေ့နေရတဲ့ လူအရိပ်တွေ ခေါ်သံတွေ တံခါးခေါက်သံတွေက ဘာတွေလဲ သူတို့ဘာသာစိတ်ထင်လို့ဖြစ်တာလား တကယ်သူတို့ကို ကိုယ်ယောင်လာပြတာလား ပရလောကသားတွေက သူတို့နှစ်ယောက်ကို ဘာများ ပြောချင်တာလဲ သူတို့ကရော အဲလိုထူးဆန်းတဲ့အရာတွေကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ သူတို့နှစ်ယောက်ပဲပါတယ်ဆိုပေမဲ့ တကယ်ပျင်းစရာမကောင်းပဲ ကြည့်တဲ့သူကို ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားနိုင်တာပဲဖြစ်ပါတယ်။