-
Movie Name
-
Unsane (2018)
-
Year
-
2018
-
Generes
-
Horror, Thriller
-
Code
-
01370
-
Type
-
Movie
-
Size
-
800 MB
-
Country
-
Hollywood
-
Description
-
ဒီတစ်ခါမှာတော့ IMDb 6.6 ရရှိထားတဲ့ Psychological Thriller ဇာတ်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဒါရိုက်တာကတော့ Steven Soderbergh ဖြစ်ပြီးတော့ Clarie Foy က ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားချက်တစ်ခုအနေနဲ့ကတော့ နာမည်ကျော်ကြီး Matt Damon ဟာ ဒီဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်း ========== Sawyer Valentini ဟာ ဘဏ်ဝန်ထမ်းတစ်ဦး၊ သူ့မှာနောက်ယောင်ခံလိုက်တဲ့သူရှိတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေတာကြောင့် လုပ်လက်စအလုပ်တွေကိုပါပစ်တခြားမြို့ကိုပြောင်းပြီး အဲဒီစိတ်ရောဂါကို ပျောက်အောင်ကုဖို့ကြိုးစားတယ်။ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ သူဆေးကုသမှုခံယူမယ့်ဆေးရုံကအာမခံကြေးလိုချင်တာကြောင့် လာသမျှလူနာကို အရူးတံဆိပ်ကပ်ပြီး အာမခံကြေးရမှ ပြန်လွှတ်ပေးတဲ့ဆေးရုံဖြစ်နေတယ်။ သူဟာ အဲဒီဆေးရုံမှာ အလိုမတူဘဲ ဘုမသိဘမသိနဲ့ စိတ်ရောဂါဝေဒနာရှင် အမည်ခံပြီးဆေးကုသမှုကိုတစ်ပတ်ခန့်ခံယူဖို့အကြောင်းဖန်လာတော့တယ်။ပိုဆိုးတာက အဲဒီဆေးရုံကဝန်ထမ်းတစ်ဦးက သူ့ကိုနောက်ယောင်ခံလိုက်နေတဲ့David Strine ဆိုတဲ့လူဖြစ်နေတဲ့အခါမှာတော့…။အကုသိုလ်အပြွှတ်လိုက်ဝင်နေတဲ့ မင်းသမီးတစ်ယောက်အခက်အခဲတွေကိုကျော်ဖြတ်နိုင်မလား မကျော်ဖြတ်နိုင်ဘူးလာဆိုတာကိုတော့ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။