-
Movie Name
-
White The Melody Of The Curse (2011)
-
Year
-
2011
-
Generes
-
Drama, Horror
-
Code
-
01375
-
Type
-
Movie
-
Size
-
770 MB
-
Country
-
Korea
-
Description
-
ဒီတစ်ခါမိတ်ဆက်ပေးမယ့် ခြောက်ခြားစရာဇာတ်လမ်းလေးကတော့Kpop မိန်းကလေးအဖွဲ့လေးတစ်ခုရဲ့ သီချင်းလေးတစ်ပုဒ်ကိုဆိုလိုက်ရင်းကနေနောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အသည်းပျက်ဖွယ်ရာ ထိတ်လန့်ကြောက်စရာဖြစ်ရပ်များကို ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်…သရဲ တစ္ဆေဆိုတာကို လူတိုင်းယုံကြည်ကြပါတယ်… ဒါပေမယ့် မယုံတဲ့လူတွေလည်းရှိပါတယ်…တချို့သေသွားတဲ့ လူတွေက အမျှလိုချင်လို့ ခြောက်လန့်ကြတယ်…တချို့ကျတော့လည်း နေရာလိုချင်လို့ ခြောက်လန့်ကြတယ်…အသိပေးကြတယ်…ဘယ်လိုပဲဖြစ်နေပါစေ ခြောက်တာကခြောက်တာပဲမဟုတ်ဘူးလား…ဒီဇာတ်လမ်းလေးထဲမှာတော့ အဲလိုမဟုတ်ပါဘူး..သီချင်းလေးတစ်ခုကို စွဲလမ်းရင်းကနေ အဲသီချင်းလေးထဲမှာပဲစိတ်ကရှိနေတာကြောင့် ဒီသီချင်းကိုဆိုတဲ့ လူမှန်သမျှဟာအသေဆိုးနဲ့သေကြတာပါပဲ…ဘာလို့လဲဆိုတော့ အဲသီချင်းလေးထဲမှာရှိနေတဲ့ ကောင်မလေးဟာလည်းသနားစရာ ဇာတ်သိမ်းနဲ့ မတရားခံရပြီး အဆုံးသတ်သွားရလို့ပါ..သူဟာ သူ့သီချင်းကိုပြီးအောင်မဆိုသွားခဲ့ရပဲ သေဆုံးသွားခဲ့ရတယ်..ဘယ်လိုတွေသေဆုံးရတယ်ဆိုရင် ကိုယ့်ကိုကိုယ်သတ်သေသွားရလောက်တဲ့အထိဝေဒနာတွေခံစားသွားရလို့ပါ…သူမဆိုခဲ့ရတဲ့ သီချင်းကို နောက်လူတွေဆိုတဲ့အခါမှာအဖြစ်ဆိုးတွေကြံလာကြတော့တာပါပဲ…အဲဒီအချိန်မှာမအောင်မြင်သေးတဲ့ မိန်းကလေးအဆိုတော်အဖွဲ့လေးကဒီသီချင်းလေးကိုတွေ့ရှိပြီး ဆိုလိုက်ကြပါတယ်..ဒီသီချင်းကြောင့်လည်းအရမ်းကိုအောင်မြင်လာကြပါတယ်…ဒါပေမယ့် သူတို့မသိလိုက်တာတစ်ခုကတော့ ဒီသီချင်းဆိုပြီးနောက်ပိုင်းမှာသူတို့တွေ ရင်ဆိုင်ရမယ့် အဖြစ်ဆိုးကြီးတွေကိုပါပဲ…တချို့သောလူတွေက အစွဲလမ်းအရမ်းကြီးကြပါတယ်..ဒီအစွဲလမ်းကြောင့်ပဲ သေသွားတဲ့အခါ သူတို့ကိုယ်တိုင်ဒုက္ခများစွာကိုခံစားရပါတယ်..ဒီကားလေးမှာကတော့ အစွဲလမ်းကြီးတဲ့ တစ္ဆေကောင်မလေးတစ်ယောက်ကြောင့်လူသားအဆိုတော်မိန်းကလေး လေးယောက်ရဲ့ ကြောက်လန့်ခြောက်ခြားဖွယ်ရာအဖြစ်ဆိုးကြီးတွေကို တစ်ကားလုံးမွန်းမွန်းကြပ်ကြပ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်…Rating 6 ရရှိထားပါတယ်…Horror ကားကြိုက်တဲ့လူတွေအဖို့ကတော့ တကယ်ကိုကောင်းတဲ့ကားလေးဖြစ်ပါတယ်…ကြောက်စရာကောင်းလားလို့ မေးမယ်ဆိုရင်တော့ တော်တော်ကြောက်ဖို့ကောင်းပါတယ်…(ကြောက်တတ်တဲ့လူများတစ်ယောက်တည်းကြည့်ဖို့မသင့်တော်ပါဘူး