-
Movie Name
-
Timeline ( 2014 )
-
Year
-
2014
-
Generes
-
Drama, Romance
-
Code
-
02014
-
Type
-
Movie
-
Size
-
677 MB
-
Country
-
Thai
-
Description
-
ဘ၀ မှာ အချစ်စစ်ထက် ပို တန်ဖိုးရှိတဲ့ အရာ မရှိလောက်ပါဘူးတစ်ချို့ကတော့ အချစ်စစ်က ကိုယ့်ဘေးနားရှိရက်နဲ့ ပျောက်နေကြတယ်တစ်ချို့ ကိုယ့်ကိုချစ်လာမလားလို့ စောင့်နေရင်း အချိန်တွေ ကုန်ဆုံးကြရတယ်တစ်ချိုကကတော့ အချစ်စစ် နဲ့ ချစ်တာကို တန်ဖိုးမထားတက်ကြဘူး…ဒီရုပ်ရှင်ထဲမှာ တန် ဆိုတဲ့ ကောင်လေးဟာ နယ်မြို့လေးကနေ မြို့ပေါ်ကို ကျောင်းလာတက်ခဲ့တယ် အမေတစ်ခု သားတစ်ခုဘဝကနေ ကိုယ့်ဘာသာ မြို့ပေါ်မှာ ကျောင်းတက်ရတဲ့အခါအလွဲလွဲ အချော်ချော်လေး တွေ စဖြစ်ရတယ်..အဲ့ဒီ အလွဲအချော်တွေကို ထိန်းကွပ်ပေးမဲ့ချစ်စရာ ကောင်မလေး တစ်ယောက် တန် ရဲ့ ဘ၀ ထဲကိုစတင် ဝင်ရောက်လာခဲ့တယ်…သက္ကသိုလ်ရဲ့ ဖရက်ရှာဝဲလ်ကမ်း မှာ ဒီကောင်မလေးကိုသူစတွေ့တာပေါ့…ဖြစ်ချင်တော့ ပထမဆုံးနေ့ မတိုင်ခင်က တန် တို့ သူငယ်ချင်းတွေအမူးသောက်ပြီး မှောက်ကြတော့ ကျောင်းရဲ့ ကြိုဆိုပွဲကိုနောက်ကျပြီး ရောက်သွားရာက စတာပဲ…သူတစ်ယောက်ထဲလား ဆိုတော့ မဟုတ်ဘူးဂျွန်ဆိုတဲ့ ကောင်မလေးပါ ပါတယ်..ဒီတော့ ၂ ယောက်တွဲ အပြစ်ပေးခံရတဲ့ အနေနဲ့အတူတူ အူကြောင်ကြား ကရတယ်…တန်ရဲ့ ဘ၀ မှာ မြို့ပေါ်က မိန်းကလေး သူငယ်ချင်းအဖြစ် ဂျွန်ကို ရရှိခဲ့တယ်…ဂျွန် အတွက်ကရော ?အချိန်တွေ ကြာလာတာနဲ့ အမျှ တန်နဲ့ဂျွန် တို့ပိုရင်းနှီးလာခဲ့တဲ့ အပြင် ဂျွန် ဟာ တန် အတွက်အမေလို မျိုးပဲ မလုပ်သင့်တာ မလုပ်ရအောင်တားမြစ်ပေး စိတ်ပူပေးတဲ့ ကောင်မလေး တစ်ယောက်ထက်တန် ရဲ့ စိတ်ထဲ မပိုခဲ့ဘူး…သူပိုနေမိတာက ရုပ်ရှင်အတိုလေးတွေ ရိုက်ပြီးအောင်မြင်စ ပြုနေတဲ့ ဒါရိုက်တာ မမချောချောလေးကိုပါထိုင်းရုပ်ရှင်ကားတွေဟာ ၂၀၁၀ လောက်နောက်ပိုင်းကစပြီးဇတ်လမ်း ဇတ်ကွက် နဲ့ ရိုက်ကူးမှု အပိုင်းတွေမှာ အတော်လေးကြည့်ကောင်းလာသလို နှလုံးသားထဲ ရောက်အောင် စွဲဆောင်နိုင်ပါတယ်ဒီ Timeline ဆိုတဲ့ ရုပ်ရှင်ကားလေးထဲက ကျောင်းသား ကျောင်းသူ လေးတွေရဲ့အချစ်ဇတ်လမ်းကရော ဘယ်လိုရှိမလဲ ဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါကိုအောင်တေဇ မှ ဘာသာပြန်ပေးထားပြီး သစ်ဆန်းခန့် မှ အညွှန်းရေးပေးထားပါတယ် Report Dead Link Here