-
Movie Name
-
Way Back Home (2011)
-
Year
-
2011
-
Generes
-
Drama
-
Code
-
02016
-
Type
-
Movie
-
Size
-
757 MB
-
Country
-
Philippines
-
Description
-
ဒီတစ်ခါ အိုင် ယူတို့ကို ယူတို့တခါမှ မကြည့်ဖူးသေးတဲ့ ၂၀၁၁ ကကားလေးနဲ့ မိတ်ဆက်ပေးမယ်နော် အိုင်တော့ကြည့်ပြီး ၂ရက်လောက်စိတ်ထဲမကောင်းဘူး သိလား အိုင်မိတ်ဆက်ပေးမယ့်ကားလေးက IMDb 7.5 ရထားပြီး မျက်ရည် ဖရဲသီးလောက် ကျစေမယ့် ဖိလစ်ပိုင် Drama ကားလေးနော်ဒီဖိလစ်ပိုင်ကားလေးကတော့ အတော်ညွှန်းချင်တဲ့ကားလေးပါသိပ်ပြီးမာကျောလှပါတယ်ဆိုတဲ့ယူတို့ရဲ့နှလုံးသားတွေတောင်ဒီဇာတ်ကားလေးကြည့့်ပြီးရင် ပါးပြင်စိုမှငိုနေမှန်းသိကြမယ်လို့မျှော်လင့်မိပါတယ်နာမည်ကြီး ဖိလစ်ပိုင်ဇာတ်ကားတစ်ကားဖြစ်တဲ့ Mara & Clara Serie ထဲကမင်းသမီးနှစ်လက် ပါဝင်ထားပြီး ဇာတ်ကြောင်းလေးကလည်းထိုကားနည်းတူ ဝမ်းနည်းကြေကွဲစရာကောင်းပါတယ် ဇာတ်လမ်အကျဉ်းလေးကဆိုရင်ဖြင့်……… သာယာချမ်းမြေ့စရာကောင်းလှတဲ့မိသားစုဘဝလေးကိုဂြိုလ်ဆိုးဝင်တယ်ပြောရမှာပဲ ဖေဖေရယ် မေမေရယ် သားလေးတစ်ယောက်ရယ် သမီးလေးနှစ်ယောက်ရယ် ရှိတဲ့အထဲက အငယ်ဆုံးသမီးလေးဖြစ်တဲ့ဂျိုအန်နာက သူ့ရဲ့အရွယ်မတိမ်မယိမ်းဖြစ်တဲ့အစ်မဖြစ်သူဂျက်စီကာနဲ့ ကမ်းခြေမှာကစားရင်းပျောက်သွားခဲ့ပါတယ် မိဘအရင်းတွေကတော့ ရင်ထုမနာခံစားခဲ့ရပြီးကလေးမလေးကတော့တံငါရွာလေးတစ်ရွာရဲ့မိသားစုတစ်စုမှာမွေးစားခံခဲ့ရပါတယ်၁၂ နှစ် ကြာတဲ့အခါမှာကြမ္မာရဟတ်တစ်ပတ်လည်လာပြန်တော့ ဂျိုအန်နာလေးကမနီလာမြို့မှာကျင်းပတဲ့ရေကူးပြိုင်ပွဲမှာသွားပြိုင်ခဲ့ပါတယ် အဲ့ဒီအချိန်မှာ စိတ်လှုပ်ရှားနေတာကြောင့်မိခင်ငယ်ငယ်ကသင်ပေးဖူးတဲ့သီချင်းလေးဆိုရင်းမိမိကိုယ်ကိုယ်အားပေးခဲ့ပါတယ် ဒီသီချင်လေးဆိုနေသံကိုမိခင်ဖြစ်သူကြားတဲ့အခါမှာအားရဝမ်းသာနဲ့သူ့သမီးလေးပါဆိုပြီးအရူးတစ်ယောက်ပမာလိုက်ဆွဲပါတော့တယ်ဒါပေမယ့်လည်းသမီးဖြစ်သူကတော့မမှတ်မိခဲ့ပါဘူး ဒီလိုနဲ့သမီးစိတ်နဲ့အရူးတစ်ပိုင်းဖြစ်နေတဲ့မိခင်က သူ့သမီးလေးကိုမွေးစားထားတဲ့ရွာအထိလိုက်သွားခဲ့ပါတယ် တစ်နည်းအားဖြင့်တော့ပြန်တောင်းတော့တာပေါ့ ဒါပေမယ့်တစ်ဖက်ကလည်းမွေးမိခင် တစ်ဖက်ကလည်းကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့မိခင်ကြားမှာ ဂျိုအန်နာလေး နေရခက်ပြီပေါ့ ဒါပေမယ့်လည်းတက္ကသိုလ်တက်ရတော့မယ့်အရွယ်ဖြစ်တာကြောင့်မိဘအရင်းတွေနဲ့မြို့ကိုခဏပြန်လိုက်သွားခဲ့ပါတယ် ဒီအချိန်မှာမိဘတွေစိတ်ချမ်းသာခဲ့ရပေမယ့်ဗီလိန်ဖြစ်သွားရတဲ့သူကသူ့အစ်မ ဂျက်စီကာပါ မိဘတွေရဲ့ချစ်ခြင်းမေတ္တာတွေကိုလုယုခံလိုက်ရပြီဆိုတဲ့သူ့ရဲ့အတွေးအပြင်မိန်းကလေးတွေရဲ့ထုံးစံအတိုင်းမုန့်ကိုသာဝေစားမယ် အချစ်ကိုတော့ဝေမစားနိုင်ဘူးဆိုတဲ့အထင်မှားမှုကြောင့့်ပါသူ့သရုပ်ကိုပိုပြီးကြမ်းတမ်းစေခဲ့ပါတယ် နောက်ပိုင်းကော ညီအစ်မ ၂ယောက်နဲ့ မိဘတွေကြားဘယ်လိုတွေဖြေရှင်းကြရမလဲ မိခင်တစ်ယောက်ရဲ့မေတ္တာ /စိတ်ထား ဖြူစင်ခြင်းရဲ့အနှစ်သာရ တွေအပြင်အသိတရားဝင်သွားခဲ့ရတဲ့ဂျက်စီကာလေးကြောင့် ဘယ်လိုတွေ ပျော်ရွှင်စရာနဲ့အဆုံးသတ်ကြမလဲ ဆိုတာကတော့ဖြင့်……ကဲယူတို့ တစ်သျှူး တထုပ်တထောင်တန် ကို ဝယ်ပြီးကြည့်ကြနော် သိလား