-
Movie Name
-
Yes Or No 2 Come Back To Me(2012)
-
Year
-
2012
-
Generes
-
Comedy, Romance
-
Code
-
02018
-
Type
-
Movie
-
Size
-
772 MB
-
Country
-
Thai
-
Description
-
ပြောင်းလဲ လာတဲ့ ခေတ် နဲ့အညီ လိင်တူ ချစ်သူ တွေ ဟာ အရင်ကနဲ့ မတူတော့ပဲ လွတ်လွတ်လပ်လပ် ချစ်ခွင့်ရှိလာပါတယ်။ မီဒီယာ တွေ အနေနဲ့လည်း သူတို့ တွေ ရဲ့ ဘဝ တွေကို အများပြည်သူတွေ ခံစားနားလည် နိုင်အောင် ပုံစံ အမျိုးမျိုးနဲ့ ချပြ ခဲ့ကြပါတယ်။ အဲ့ဒီ အထဲ မှာတော့ ထိုင်းဇာတ်ကားလေး တစ်ကား ဖြစ်တဲ့ yes or no ဟာ အင်မတန် အောင်မြင်မှု ရခဲ့တာကြောင့် နောက်ဆက်တွဲ ဇာတ်လမ်းတွေ ရိုက်ယူ ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ဒီ yes or no 2 ဟာ အရင် yes or no ရဲ့ အဆက်ဖြစ်ပြီး iMDb rating 7ထိ ရရှိထားတဲ့ ဒရာမာ ကားကောင်းလေးပါ။ လိင်တူ ချစ်သူ ကောင်မလေး နှစ်ဦးဖြစ်တဲ့ Kim နဲ့ Pie တို့ ဟာ ကျောင်းပြီး ချိန်မှာ internship အတွက် တစ်ယောက် တစ်နေရာစီ သွားကြရဖို့ အကြောင်းဖန် လာပါတယ်။ သူတို့နှစ်ဦး ရဲ့ ရည်မှန်းချက် ကိုယ်စီ အတွက် ပေါ့။ Kim က မြောက်ပိုင်းဒေသ က လယ်တွေ စီ သွားအလုပ်လုပ်ပြီး Pie ကတော့ တောင်ပိုင်းက ငါးလုပ်ငန်းစီ ထွက်ခဲ့ကြပါတယ်။ဒီမှာတင် သူတို့ နှစ်ယောက်ရဲ့ ချစ်ခြင်း ဟာ ဝေးကွာခြင်း ဆိုတဲ့ စေတန် နဲ့ ရင်ဆိုင် ရပါတော့တယ်။နေ့စဉ် ဖုန်းနဲ့ အဆက်အသွယ် ရှိနေပေမယ့် တတိယ လူ ပေါ်လာချိန် မှာ တော့ ပြဿ နာ က စ ပါပြီ။ ချစ်ခြင်းတရားအတွက် ဘေးပယောဂတွေကို ရင်ဆိုင်နိုင်စွမ်း သတ္တိတွေ ဒီ လူငယ် လိင်တူချစ်သူ ကောင်မလေးတွေမှာ ရှိပါ့မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဒီဇာတ်ကား ဟာ ဆိုရင် အဓိက မင်းသမီးတွေ ရဲ့ အလှအပ တွေ သူတို့ ရဲ့ အချစ်ဒဿ န စကားလေးတွေ ခပ်လန်းလန်း အယုအယ လေးတွေ နဲ့ အင်မတန် စီးမျော ခံစား လု့ိကောင်းလွန်း လှတဲ့ အချစ်သရုပ်ဖော် ကားဖြစ်ပြီး လိင်တူ ချစ်သာတွေကို စာနာ စိတ် ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာ ဆိုတဲ့ လိင်တူတွေမှာလည်း ရှိနိုင်တယ် ဆိုတဲ့ mesaageလေးကို ပါ ခံစားရရှိစေမှာပါ။