Movie Name
Can't Help Falling In Love (2017)
Year
2017
Generes
Comedy, Drama, Romance
Code
02025
Type
Movie
Size
854 MB
Country
Philippines
Description
ဒီကားလေးကတော့ အပြင်မှာလဲတကယ့်စုံတွဲတွေဖြစ်တဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့အတွဲရဲ့ဇာတ်ကားလေးတစ်ကားပါ ဇာတ်လမ်းအစမှာတော့ Gab ( Kathryn ) နဲ့ Dos ( Daniel ) တို့က မင်္ဂလာပွဲတစ်ခုမှာတွေ့ကြပြီးတော့ အဲ့ဒီညမှာပဲကလပ်တစ်ခုမှ မူးပြီးသူငယ်ချင်းတွေစနောက်ရင်း မင်္ဂလာဆောင်မိခဲ့ပါတယ်..စနောက်ရင်းလုပ်လိုက်ပေမဲ့ သူတို့ကိုမင်္ဂလာဆောင်ပေးခဲ့တဲ့သူငယ်ချင်းတွေထဲမှာ Dos ရဲ့သူငယ်ချင်းတစ်ယောက်က မြို့တော်ဝန်ဖြစ်နေခဲ့တာကြောင့် သူတို့၂ဦးရဲ့လက်ထပ်မှုက တရားဝင်ဖြစ်ခဲ့ပါတယ် ဒါပေမဲ့ အဲ့ဒါကိုသူတို့သတိမထားမိခဲ့ကြပဲပုံမှန်ပဲနေခဲ့ကြတယ် နောက်တစ်နှစ်အကြာမှာတော့ Gab ကသူ့ရဲ့ချစ်သူနဲ့လက်ထပ်ဖို့စီစဉ်တဲ့အခါမှ သူတို့၂ဦးရဲ့လက်ထပ်မှုကအတည်ဖြစ်နေခဲ့တာကို သိခဲ့ရပြီးပြန်ဖြေရှင်းဖို့ကြိုးစားပါတော့တယ် Dos နဲ့ပြန်တွေ့ပြီးတော့ ၂ယောက်ပေါင်းဘယ်လိုဖြေရှင်းကြမလဲ ဘယ်လိုတွေလွဲကြမလဲ ကြားထဲမှာဘယ်လိုပြသနာတွေတတ်ကြမလဲ နောက်ဆုံးဘယ်သူနဲ့ညားကြမလဲ ဆိုတာကို ရိုက်ထားတဲ့ လူငယ်ဆန်ဆန်ဖန်စီအချစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်