-
Movie Name
-
Dear Other Self (2017)
-
Year
-
2017
-
Generes
-
Comedy, Romance
-
Code
-
02026
-
Type
-
Movie
-
Size
-
702 MB
-
Country
-
Philippines
-
Description
-
ကျွန်မတို့ဘဝမှာ တစ်ခါတစ်ရံ ငါသာဒီလိုမလုပ်ခဲ့ရင် ဘာဖြစ်နေမှာလဲ အဲ့ဒီတုန်းကသာဟိုလိုရွေးခဲ့မိရင် ခုချိန်တော့ ဘယ်လိုတွေဖြစ်နေမှာ အစရှိသည်ဖြင့်ကိုယ့်ဘဝနောက်ကြောင်းကိုပြန်သုံးသပ်ရင်းကြိတ်မနိုင်ခဲမရ(သို့)ကျေနပ်နေရမယ့်အခိုက်အတန့်တွေ ကြုံခဲ့ဖူးကြမှာပါ အကြောင်းသေးသေးလေးတစ်ခုကနေ အပြောင်းအလဲအများကြီးထိဦးတည်သွားနိုင်တာမဟုတ်လား…ဒါကို ဖိလစ်ပိုင်ဇာတ်လမ်းလေးကစိတ်ဝင်စားဖွယ်ပုံဖော်ပေးထားပါတယ်… ဘက်ကီဟာသာမန်ကုမ္ပဏီဝန်ထမ်းလေးတစ်ဦးပါ တစ်နေ့မှာတော့ ကုမ္ပဏီအတွက်အရေးကြီးတဲ့စာတမ်းတွေပြင်ဆင်နေတဲ့အချိန် ဘေးအိမ်ကသောင်းကျန်းနေတဲ့ကာရာအိုကေသံတွေကြောင့်အိပ်ရေးပျက်ခဲ့ရပါတယ် မနက်ကျကော်ဖီဆိုင်အဝင်မှာလက်တော့ပေါ်ကော်ဖီခွက်မှောက်ကျပြီး ဘက်ကီပြင်ဆင်ထားသမျှအချက်အလက်အားလုံးပျက်စီးသွားပါတော့တယ်…ညကအိပ်ရေးပျက်ရာကနေ နောက်ဆုံးကုမ္ပဏီကနေတောင်အလုပ်ထွက်လိုက်ရတဲ့အထိပါပဲ…အလုပ်ထွက်ပြီးဘက်ကီတစ်ယောက်မိသားစုကိုထားခဲ့ပြီးကမ္ဘာပတ်ခရီးထွက်ဖို့ပြင်ပါတော့တယ်…ဒီနေရာမှာစဉ်းစားစရာက တကယ်လို့များသာ အခြားတစ်ဖက်ကဘက်ကီဟာ အဲ့ဒီညမှာအိပ်ရေးမပျက်ခဲ့ဘဲ အလုပ်မှာအောင်မြင်မှုရှိသွားခဲ့မယ်…မိသားစုကိုပိုအချိန်ပေးဂရုစိုက်မိခဲ့မယ်ဆိုရင်ရော…ဘက်ကီ့ဘဝဘယ်လိုတွေများဆက်ဖြစ်မှာလဲ? အိပ်ရေးပျက်ခဲ့ရတဲ့ဘက်ကီလည်းခရီးတွေထွက်ပြီး ဘယ်လိုတွေများဆက်ဖြစ်မှာလဲ?သင်တို့သာ ရွေးချယ်ခွင့်ရခဲ့ရင်ရော ဘယ်လိုဘဝမျိုးကိုရွေးချယ်မှာလဲဆိုတာတွေကို…ဘဝနှစ်ခု အပြိုင်ယှဉ်ပြပြီးတင်ဆက်ထားတဲ့စိတ်ဝင်စားစရာဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်