-
Movie Name
-
My Ex And Whys (2017)
-
Year
-
2017
-
Generes
-
Comedy, Romance
-
Code
-
02030
-
Type
-
Movie
-
Size
-
855 MB
-
Country
-
Philippines
-
Description
-
ဒီတခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ “My Ex and Whys”ဆိုတဲ့ ဖိလစ်ပိုင်အချစ်ဟာသ ဇာတ်လမ်းလေးပါကာလီဟာ Bakit List Girl ဆိုတဲ့ ဘလော့ကို ရေးတဲ့ ဘလော့ဂါတစ်ယောက်ပါ Bakit ဆိုတာကတော့ ဖိလစ်ပိုင်လို why ဘာလို့လဲ ဆိုတဲ့ အဓိပ္ပါယ်ပါ အဲ့ ဘလော့မှာဆိုရင် ဘာလို့ ယောကျာ်းတွေ သစ္စာမရှိတာလဲ ဆိုတဲ့ ခေါင်းစဉ်ကို အဓိကထားပြီး ယောကျာ်းတွေရဲ့ မကောင်းကြောင်းကို ဘာလို့ လဲ ဆိုတဲ့ အမေး တွေ နဲ့ တင်လေ့ရှိပါတယ်ကာလီ ဆိုတဲ့ ကောင်မလေး ယောကျာ်းတွေကို သစ္စာမရှိတဲ့ လူတွေလို့ ဘာလို့ မြင်တာလဲ????ဒီလိုပါ… သူ ဘလော့ဂါမဖြစ်ခင် လွန်ခဲ့တဲ့ ၂နှစ်လောက်က သူ့အဖေနဲ့ အမေ ကွဲခဲ့ပါတယ် ကွဲရတဲ့ အကြောင်းရင်းကလဲ သူ့အဖေ သစ္စာဖောက်တာကြောင့်ပါ ပြီးတော့ အဲ့အချိန်လောက်မှာဘဲ ဂျီယိုဆိုတဲ့ ခပ်ချောချော လူရှုပ်လူပွေ နဲ့ ကာလီ ဟာ ချစ်ကြိုက်ခဲ့ပါတယ်ဂျီယိုက ကာလီကို သစ္စာမဖောက်ဘူးလို့ အကြိမ်ကြိမ် ကတိပေးခဲ့ပါတယ်… ဒါပေမယ့်…ဒီကတိကို ဂျီယို မတည်ခဲ့ပါဘူး …. ဒါကတော့ Bakit List Girl ဘလော့ ဖြစ်တည်လာပုံလေးပေါ့ဒီလိုနဲ့ နှစ်နှစ်ကြာပြီးနောက်မှာတော့ ဂျီယို နဲ့ ကာလီ ပြန်ဆုံခဲ့ပါတယ်… ဂျီယို ဟာ သူဘာလို့ သစ္စာဖောက်ခဲ့တာလဲ ဘာလို့ လဲ ဆိုတဲ့ အကြောင်းပြချက်ကို ကာလီကို ရှင်းပြချင်ခဲ့ပါတယ်… ဒီလိုနဲ့ ကာလီကို ပြန်ရဖို့ ကြိုးစားပါတော့တယ်…ပရိတ်သတ်အတွက် သတင်းကောင်းရှိပါတယ်…ဒါကတော့ ဒီဇာတ်လမ်းထဲမှာ ခုတလော ရေပန်းစားနေတဲ့ ဖိလစ်ပိုင်စုံတွဲ ပါတယ်… ပြီးရင် 2NE1 ထဲက အဖွဲ့ဝင် တစ်ယောက်ပါတယ်.. ဧည့်သည်အနေနဲ့ပါ..ပါတယ်ဆိုလို့ အကြာကြီး ပါတယ် မထင်နဲ့ ဦး…မြင်တဲ့လူကတော့ အကောင်ပါ ?မင်းသားရော မင်းသမီးရော အရမ်းချောတော့ ကြည့်ရတဲ့သူတောင် စိတ်တွေခုန်တဲ့ ဇာတ်လမ်းလေးပါ ? လုံးဝအရိုပါ ကိုးရီးယားမှာ ရိုက်ထားတဲ့ scene လဲ ပါတယ်နော့ ရှူစားကြပါဦး CM ပရိတ်သတ်တို့