Movie Name
One Day (2016)
Year
2016
Generes
Comedy, Romance
Code
02031
Type
Movie
Size
929 MB
Country
Thai
Description
ဒီဇတ်လမ်းလေးကို မကြည့်ခင် ဇတ်လမ်းအကြောင်းလေး နည်းနည်း အရင် သိချင်မလား ?ဒင်ချိုင် ဆိုတဲ့ ကောင်လေးဟာ အခု ခေတ် အဆိုအရ FA တစ်ယောက်ပါ သူက အိုင်တီဝန်ထမ်း တစ်ယောက်ဖြစ်ပြီး လူတိုင်း ရဲ့ လိုသုံးလဲ ဖြစ်ပါတယ်ရုံးတစ်ခုလုံးက သူ့နာမည်ကို မှတ်မိမှု မရှိသလို လိုအပ်တာ နဲ့ဟေး.. ဆိုပြီး အဆင်သင့် ခေါ်ခိုင်းလေ့ ရှိပါတယ်..အဲ့ဒီလို အထီးကျန် မှုတွေ နဲ့ ပြည့်နေတဲ့ ဒင် ဆီကို နူဝီ ဆိုတဲ့ ကောင်မလေးဟာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပါတယ်…နူဝီ ဟာ သူမ ပရင်တာပျက်နေလို့ ဒင် ကို အကူအညီလာတောင်းရာကနေ ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားခဲ့တဲ့ဒင် ဟာ နူဝီ အနောက်က အရိပ်လို တကောက်ကောက် လိုက်နေခဲ့ပြီး နူဝီ ကြိုက်တက်တာတွေ လိုက်မှတ်နူဝီ ဘယ်သွားလဲ လိုက်ကြည့် သူမ လိုအပ်တာလေးတွေကို မသိမသာ ကွယ်ရာကနေ လိုက်ဖြည့်ဆည်းပေးပါတယ်…ဒါပေမယ့် ဒင် ရဲ့ အချစ်တွေဟာ နူဝီ ဆီ မရောက်ခဲ့ပါဘူး…နူဝီ ဆိုတဲ့ မိန်းမချောလေးကို ဒင် ရဲ့ သူဌေး တော့ပ် က ချစ်ရေးဆိုပြီး လက်တွဲလိုက်ကြတဲ့နေ့မှာတော့ ဒင် ရဲ့ အသဲတွေအပိုင်းပိုင်းအစစ နဲ့ပေါ့…ဒါပေမယ့် တစ်ရက်မှာတော့ နူဝီ သွားချင်နေတဲ့ ဟော့ကိုင်းဒိုး က နှင်းပွဲတော် ကို လိုက်ပို့ဖို့အတွက် သူဌေး တော့ပ် ကရုံးက ဝန်ထမ်း အားလုံး ကိုပါ ပျော်ရွှင်ဖွယ် ခရီးတစ်ခု ထွက်နိုင်အောင် စီစဉ်ခဲ့ပါတယ်…ထို ခရီးစဉ်မှာလဲ ဒင် ဟာ အမြဲလိုလို တော့ပ် နှင့် နူဝီ တို့ အနောက် အရိပ်လို လိုက်နေခဲ့ပြီးတစ်ဖက်သက် အချစ်တွေနဲ့ နူဝီ အပေါ် အချစ်တွေ မပြတ်နိုင်ခဲ့ပါဘူး…ဒီလို နဲ့ နှင်းတွေ ဖုံးလွှမ်းနေတဲ့ ဟော့ကိုင်းဒိုး က ဆုတောင်းပြည့်တဲ့ ခေါင်းလောင်းရှေ့မှာဒင် တစ်ယောက် တိတ်တစိတ်လေး ဆုတောင်းပြီး ခေါင်းလောင်းတီးခဲ့ပါတယ်…ထူးဆန်းလှတဲ့ ဒင် ရဲ့ ဆုတောင်းလေးက အမှန်တကယ် ပြည့်သွားပါတယ် ဘာ ဆုတောင်းလဲ ဆိုတာပရိတ်သက်ကြီးရော သိချင်ပါသလား ?ဇတ်လမ်း အစ မှာ နည်းနည်းပျင်းဖို့ကောင်းသလို ရှိပေမယ့် ခေါင်းလောင်း တီးပြီး နောက်ပိုင်း မှာထိုင်ရာက မထစတမ်း သင် ကြည့်ဖြစ်သွားမယ်ဆိုတာ ကျနော် ပြောနိုင်ပါတယ်…ဒီရုပ်ရှင်ကား ကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ပဲ ဖြစ်ပြီး အညွှန်းကိုတော့ကျနော် သစ်ဆန်းခန့်မှ ရေးပေးထားပါတယ်…