-
Movie Name
-
7 Days (2018)
-
Year
-
2018
-
Generes
-
Drama, Romance
-
Code
-
02034
-
Type
-
Movie
-
Size
-
501 MB
-
Country
-
Thai
-
Description
-
7 Days (2018) မြန်မာစာတန်းထိုး တကယ်လို့ မနက်ဖန်မနက် နိုးထလာတဲ့အခါ သင်က သင်မဟုတ်တော့ဘဲ တစ်ခြားသူတစ်ယောက်ဖြစ်နေရင် ဘယ်လိုလုပ်ဖို့ စိတ်ကူးထားပါသလဲ။ အဲဒီ့မေးခွန်းကို အဖြေရှာချင်တယ်ဆိုရင်တော့ 7 Days ဇာတ်ကားလေးကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဒီဇာတ်ကားလေးက ထိုင်း Romance, Fantasy, Drama ကားလေးဖြစ်ပြီး မနက်မိုးလင်းတိုင်း တစ်ခြားသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ နိုးထလာရတဲ့ စားဖိုမှုး Tan အကြောင်း စိတ်ကူးယဉ်ဆန်ဆန် ပုံဖော်ရိုက်ကူးတင်ဆက်ထားပါတယ်။ အကြောင်းတစ်ခုကြောင့် စိတ်ဆိုးနေတဲ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် ကောင်မလေး Meen ကို ပြန်ချော့ဖို့ကြိုးစားချင်ပေမယ့် ကိုယ့်စိတ်နဲ့အငှားခန္ဓာ ဖြစ်နေရတဲ့ဘဝမှာ နေ့ရက်တိုင်းက ပရမ်းပတာဖြစ်နေပါတော့တယ်။ ဘယ်လိုအကြောင်းကြောင့် ဒီဘဝရောက်သွားမှန်း သူ့ကိုယ်သူ လုံးဝမမှတ်မိသလို ခန္ဓာကိုယ်ပိုင်ရှင်တွေက ဘယ်သူမှန်းလဲ လုံးဝမသိနိုင်ခဲ့ပါဘူး။ ပထမတစ်ရက်မှာ လူဝကြီးဖြစ်လိုက်၊ နောက်ရက်ရောက်တော့ လိင်တူချစ်သူ ယောက်ျားတစ်ယောက်နဲ့ အိပ်ရာထဲရောက်နေလိုက် မျိုးစုံကြိုးခုံနေရတဲ့ Tan ဘဝကို ဘယ်အရာတွေက ပုံမှန်ပြန်ဖြစ်စေမလဲ ထူးဆန်းတဲ့ အဲဒီ့အဖြစ်အပျက်က Tan နဲ့ Meen ရဲ့အချစ်ကို စာမေးပွဲစစ်လိုက်တာလား ဆိုတာကတော့ ရယ်ရင်းမောရင်း ကြည်နူးရင်း စိတ်လှုပ်ရှားရင်း စီးမျောခံစားရမှာပါ။