Movie Name
Back To 90s(2015)
Year
2015
Generes
Comedy, Fantasy
Code
02036
Type
Movie
Size
0.98 GB
Country
Thai
Description
ဇာတ်ကားထဲမှာ မင်းသားမာရီယိုနဲ့ လိုက်ဖက်လွန်းစွာ သရုပ်ဆောင်ခဲ့တဲ့ ထိုင်းမင်းသမီးချောလေးPimchanok Luevisadpaibul (Baifern) ကို အားလုံးသိကြမယ်ထင်ပါတယ်..ဟုတ်ပါတယ်…Back to the 90s (2015) ဒီဇာတ်ကားဟာလဲ သူလေး အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာလဲ သူလေးရဲ့ လှပသေသပ်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုသူတိုင်းကို စွဲဆောင်သွားဦးမှာပါ။မင်းသားတွေလဲ ဇာတ်ရုပ်နဲ့ကွက်တိကျတာကြောင့် ဒီဇာတ်ကားဟာ Rating မြင့်မားပြီး ကြည့်ရှုသူတိုင်း ကြိုက်နှစ်သက်တဲ့ ဇာတ်ကားဖြစ်လာပါတယ်။ ကျွန်တော်တို့မှာ မပြုပြင်နိုင်ခဲ့တဲ့ အတိတ်တွေရှိကြပါတယ်…ချစ်ခြင်းမေတ္တာရဲ့ ဆန်းကြယ်မှုမှာ မျက်စိသူငယ် နားသူငယ်ဖြစ်ဖူးခဲ့ကြမယ်…အသက်အရွယ်နဲ့ ရူးမိုက်မှုတို့ အချိုးကျနေတုန်းမှာ ခပ်မိုက်မိုက် လေလွင့်ဖူးခဲ့မယ်..ဒါတွေကို ကျွန်တော်တို့ မပြုပြင်နိုင်တော့ဘူး.. နောင်တဆိုတာပဲ ပွေ့ဖက်နေကြရတာမလား…။ ဒါပေမယ့် အတိတ်ကိုပြန်သွားလို့ရမယ်….ဒါတွေကို ပြုပြင်ဖို့ အခွင့်အရေးကို တစ်စုံတစ်ယောက်က ရခဲ့မယ်ဆိုရင်..ကျွန်တော်တို့ မြင်တွေ့ရမယ့် အရာတွေက ငယ်ရွယ်ပျိုမြစ်မှုတစ်ခုထဲလို့ ခပ်လွယ်လွယ်မထင်လိုက်ပါနဲ့။အစဉ်အဆက် ခမ်းနားခဲ့သလိုပဲ ချစ်ခြင်းက ဒေသမရွေး ကာလမရွေး ခမ်းနားနေခဲ့တာ ထင်ရှားပြခဲ့တယ်။ IMDb Rating (6.7/10) အထိရရှိထားတဲ့ ထိုင်းဇာတ်ကားကောင်းလေးပါ..ကြည့်ရှုခံစားပေးပါဦး။