-
Movie Name
-
Mr Hurt (2017)
-
Year
-
2017
-
Generes
-
Comedy, Drama, Romance
-
Code
-
02041
-
Type
-
Movie
-
Size
-
1.12 GB
-
Country
-
Thai
-
Description
-
Mr. Hurt (သို့) နာကျင်နေသော ချိဖ I Fine..Thank You..Love You,Heart Attack ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသား Sunny ရဲ့ နောက်ထပ်ဇာတ်ကားတစ်ကားပါ။ဒီဇာတ်ကားတစ်ခုလုံးကို သူ့ရဲ့ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ သိပ်သည်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ နာကျင်နေသောချိဖ တစ်ယောက်အကြောင်းပါ။အစွဲအလမ်းကြီးသလို ဒေါသလဲကြီးတတ်တဲ့ နာကျင်နေသောချိဖ ဒွန်စီချန်။(သူဟာယောင်္ကျားလေးအများစုရဲ့ သဘာဝကိုကိုယ်စားပြုသွားပါတယ်။)ခေါင်းနည်းနည်းလွတ်နေပေမယ့် ရုပ်ဖြောင့် ပိုက်ဆံရှိလို့ အဆိုတော်ဖြစ်လာပုံရတဲ့ ဂျင်မီ။နှလုံးသားထက် အောင်မြင်ကျော်ကြားမှုကို မက်တွယ်ထားတဲ့ နိုင်ငံကျော်မော်ဒယ် အန်နာ။ (သူကလဲ မိန်းကလေးအများစုရဲ့ သဘာဝကို ကိုယ်စားပြုသွားပါတယ်။)ကြင်နာတတ်တဲ့ မိခင်စိတ်မျိုးနဲ့ ရောဂါသည်မလေး ဒီယူ။ဒီဇာတ်ကောင်လေးယောက်ကို အခြေပြုလို့ ချစ်ခြင်းရဲ့နာကျင်မှုတွေအကြောင်းကို ပြသထားပါတယ်….။အပြင်မှာလိုပါပဲ…ယောင်္ကျားလေးတွေဟာ နှလုံးသားခပ်များများ ဦးနှောက်ခပ်နည်းနည်းနဲ့ ချစ်ခြင်းမှာ နစ်မြုပ်နေတတ်ကြပြီးမိန်းကလေးတွေကတော့ နှလုံးသားခပ်နည်းနည်း ဦးနှောက်ခပ်များများနဲ့ ချစ်ခြင်းကို စီမံတတ်ကြပါတယ်။ဒါပေမယ့်ဘယ်သူပဲဖြစ်ဖြစ်ပါလေ…တကယ်ချစ်ရသူကတော့ အမြဲတမ်း နာကျင်ရတာပါပဲ။ခံစားနာကျင်ပေးကြပါဦး။