Movie Name
Suddenly Twenty (2016)
Year
2016
Generes
Comedy, Romance
Code
02044
Type
Movie
Size
627 MB
Country
Thai
Description
Suddenly Twenty” ———————— CJ Major Entertainment ရဲ့ First movie Production ဖြစ်ပြီး ၊ ထိုင်း နိုင်ငံ ရဲ့ Thai Major Cineplex Group နဲ့ တောင်ကိုရီးယားက CJE& M တို့ ပေါင်းစပ် ထုတ်လုပ်တဲ့ “Suddenly Twenty” ဇာတ်ကားဟာ ၊ ၂၀၁၄ မှာ အောင်မြင်ခဲ့တဲ့Miss Granny ဆိုတဲ့ Korea ကားရဲ့ နောက်ထပ် မှတ်တိုင်တစ်ခု အဖြစ် သတ်မှတ်ထားကြပါတယ်။IMB rating 7.3/10 ရရှိထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ Drama/Romance အမျိုအစား ဖြစ်ပြီး ၊ Thai မှာတော့ 2016, Nov 24မှာ release လုပ်ခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်ပြီး ၊ IMB rating 10 မှာ 7.3 ရရှိထားပြီး ၊ Google user တွေရဲ့ Like ပေးနှုန်းကတော့ 94% အထိ ရရှိထားတဲ့ ချစ်စရာကောင်းတဲ့ ထိုင်းကားလေး တစ်ကားပါပဲ။ Pee Mak ကားထဲက မင်းသမီးချောလေး “Davika HOorne” မှ “Parn” အနေနဲ့ ပါဝင်ထားပြီး ၊National film Association Award မှ ပေးတဲ့ 2017 အတွက် Nomination တွေထဲမှာ Best Actress ( Davika Hoorne) Best Supporting Actor – Rong Kaomulkadee Best Supporitng Actress – Niranuch Patamasute Best Costume Design စတဲ့ Title တွေ ပါဝင်ခဲ့ တာနဲ့ အညီ Costume Design တွေကတော့ အလွန် လန်းပါတယ် ၊ မင်းသမီးချော Parn ရဲ့ ဆံပင်ကေ ကတော့ ချက်ချင်းတောင် ပြေးညှပ် လိုက်ချင်တဲ့ ကေ လေးပါ။Story Lines ========= Parn ဆိုတဲ့ အသက် ၇၀ အဘွားကြီး ၊ ခေါင်းမာတယ်၊ စိတ်ညစ်စရာ ကောင်းတယ် ၊ သူမ ပတ်ဝန်းကျင်က ရှိသမျှ လူတွေ တိုင်းကို စိတ်အနှောက်အယှက်ပေးနိုင်တဲ့ ခွတီးခွကျ အဘွားကြီး ။ သူမ ဘဝ ရဲ့ နှစ်လိုဖွယ် ခံစားချက်က တော့ သူမ ချစ်တဲ့ သား Professor ကြီးကို လူစည်စည်မှာ ကြွားရတာပါပဲ ၊အဘွားကြီး Parn ချစ်တဲ့ သူမ သား Professor ကြီးနဲ့ မိသားစုတွေရဲ့ သူမ ကို ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာ ကို ပို့မယ် အကြောင်း ကို အဘွားကြီး Parn ကြားသွားသောအခါ……“အသက် ကြီးလာခြင်းဟာ ကြောက်စရာ ကောင်းလှတယ်”ဝမ်းနည်း စိတ်ပျက် အားငယ်မှုတွေနဲ့ အဘွားကြီး Parn တစ်ယောက် ရပ်ကွပ်လမ်းတွေပေါ် အဓိပ္ပါယ်မဲ့ လျောက်သွားပြီး bus မှတ်တိုင် တစ်ခုမှာ အမောဖြေနေခဲ့တယ်။ သူမ အိမ်မပြန်ချင်ဘူး။ဟိုးမှာ လမ်းတစ်ဖက်မှာ ဓါတ်ပုံဆိုင်လေး……………………….Parn တစ်ယောက် မှန်ရှေ့မှာ Make-up တွေ လိမ်းတယ် … သူမ ဓါတ်ပုံထဲမှာပဲ ဖြစ်ဖြစ် လှနေချင်သေးတယ်လေ။“ကျမ ကို လှလှ လေး ရိုက်ပေးနော်” အဘိုးကြီးက သဘောတကျ ပြုံးပြတယ် “စိတ်ချ မင်းကို အနှစ် ၂၀ လောက် ငယ်သွားစေရမယ်”“ချလပ်”Chaya Lumruek ဆိုတဲ့ ဓါတ်ပုံ ဆိုင်ဟာ Parn ကို တောက်ပပြီး လှပတဲ့ အသက်၂၀ အရွယ်ကို လက်ဆောင်ပေးခဲ့တယ်။အဆိုတော် ဖြစ်ချင်ခဲ့တဲ့ Parn ၊ ငယ်ဘဝ ကြမ်းတမ်း နာကျင်ခဲ့ရ ရှာတဲ့ အဘွားကြီး Parn တစ်ယောက် ၊ အသစ် တစ်ဖန် ရရှိ လာတဲ့ သူမ ရဲ့ အသက် ၂၀ အရွယ်မှာ ပျက်စီး ပျောက်ဆုံးခဲ့ ရတဲ့ စိတ်ကူး အိပ်မက် တွေကို အကောင်အထည် ဖော်နိုင်လေမလား ဆိုတာ ………………………………..ဟုတ်ကဲ့ ….. ဒီကားမှာ ထူးထူးကဲကဲ သဘောကျ တဲ့ အချက်ကတော့ အသုံးပြုထားတဲ့ Music ပါပဲ ၊ ခေတ်ဟောင်းက အဘွားကြီး Parn ဟာ ၊ ယနေ့ ခေတ် Music Trends တွေ ကြားထဲမှာ ဂီတ ဆိုတာ ဘာလဲ ဆိုတဲ့ Theme ကို ပေးသွားနိုင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်၊ လူငယ် တွေ နဲ့ လူကြီးတွေကြား အမြင် Gap ဖြစ်နေမှု တွေကို ပါးပါးလေး နဲ့ ပုတ် ပြ သွားတဲ့ ဇာတ်ကား လဲ ဖြစ်လို့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဇာတ်ကားတဲ့ နောက်ဆုံးမှာ Parn တစ်ယောက် Band နဲ့ ဖြေ ဖျော်သွားတဲ့ သီချင်းကတော့ တကယ့်ကို Touching ပါပဲ။