Movie Name
London Love Story 3 (2018 )
Year
2018
Generes
Drama, Romance
Code
02047
Type
Movie
Size
678 MB
Country
Others
Description
London Love Story 3 (2018 ) မြန်မာစာတန်းထိုး ဒီဇာတ်ကားလေးကတော့ ၂၀၁၆၊ ၂၀၁၇ နှစ်နှစ်ဆက်တိုက်ထွက်ရှိခဲ့တဲ့ London Love Story 1 နဲ့ 2 ရဲ့အဆက် အင်ဒိုနီးရှား လူငယ် Romance, Drama ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Sukhdev Singh ရိုက်ကူးပြီး Dimas Anggara နဲ့ Michelle Ziudith တို့ အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ချစ်သူသက်တမ်း နှစ်နှစ်တာကာလကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် Dave က Caramel ကို romantic dinner လေးနဲ့ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဒီမင်္ဂလာသတင်းအကြောင်း Caramel ရဲ့ မိခင်ကိုအသိပေးဖို့ လန်ဒန်ကနေအင်ဒိုနီးရှားကို ချက်ချင်းပြန်လာခဲ့ပြီး လက်ထပ်ပွဲမတိုင်ခင်မှာ သူတို့နှစ်ဦး ပထမဆုံးတွေ့ဆုံခဲ့တဲ့ ဘာလီကို အမှတ်တရအနေနဲ့ အတူသွားကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာလီရောက်ရောက်ချင်းနေ့မှာပဲ Rio ဆိုတဲ့လူနဲ့ မထင်မှတ်ဘဲတွေ့ဆုံခဲ့ပြီး Caramel တစ်ယောက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် Rio က သူတို့နှစ်ယောက်သွားသမျှ နေရာတိုင်းမှာ တနည်းမဟုတ်တနည်း ပေါ်ပေါ်လာရာကနေ Caramel ရဲ့ယုံကြည်မှုကို တဖြည်းဖြည်းရလာခဲ့ပါတယ်။ အဲဒီ့အချိန်မှာ Dave ကတော့ Rio အပေါ် သံသယပိုနေခဲ့ပါပြီ။ နောက်တော့ ဒီလူဟာ Caramel ထင်သလို သဘောရိုးနဲ့ခင်မင်ချင်တာမဟုတ်ဘဲ Caramel နောက် တမင်လိုက်နေတာဖြစ်ကြောင်း သိသွားခဲ့တဲ့အတွက် ဒီပြဿနာကို သူတို့နှစ်ဦးသား ဖြေရှင်းခဲ့ရပါတယ်။ ဖြစ်ချင်တော့ ဒါဟာ ကံဆိုးမှုအစသာဖြစ်ပြီး ပြဿနာပြေလည်လို့ မကြာခင်မှာပဲ အက်ဆီးဒင့်တစ်ခုကြောင့် Caramel အောက်ပိုင်းသေသွားခဲ့ပါတယ်။ ဆိုးရွားတဲ့ ကံကြမ္မာရိုက်ခတ်မှုဒဏ်ကို ချစ်သူနှစ်ယောက် ဘယ်လိုရင်ဆိုင်ရှေ့ဆက်ကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြရအောင်