Movie Name
Body Cam (2020)
Year
2020
Generes
Horror, Thriller
Code
04518
Type
Movie
Size
835 MB
Country
Hollywood
Description
ဒီဇာတ်လမ်းရဲ့ အစပိုင်း အကျဥ်းလေးကိုပြောရရင် . . . ကလေးသေဆုံးပြီးနောက်ပိုင်း စိတ်ထိခိုက်နေတဲ့ ရဲအရာရှိ ရမ်နီ လိုမီတို တစ်ယောက် ခဏတာအနားယူပြီး ပြန်လည်တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးနေ့မှာတင် ယခင်တွဲဖက်လုပ်ကိုင်ဖူးတဲ့ ရဲအရာရှိတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ သူ့အလောင်းကိုရှာတွေ့ပြီး ရဲကားထဲမှာ မှတ်တမ်းဗီဒီယိုဖိုင်ကို ဖွင့်ကြည့်မိရာကနေ ဗင်ကားလေးတစ်စီးကို တွေ့ပြီး နားလည်ရခက်တဲ့ သဘာဝလွန်ဖြစ်ရပ်များနဲ့ သက်ဆိုင်နေကြောင်းသိလိုက်ရပါ တယ်။ ထိုဗင်ကားကို လိုက်လံရှာဖွေရာကနေ လုပ်ဖော်ကိုင်ဖက် ၂ယောက်ကပါ ထပ်မံအသတ်ခံလိုက်ရပါတယ်။ ရမ်နီ လိုမီတိုတစ်ယောက် မိမိဘာသာ စုံစမ်းဖော်ထုတ်နေရင်း အဲ့ဖြစ်ရပ်ဆန်းမှာ မိမိဌာနက ရဲအရာရှိများကို ဦး တည်နေကြောင်း သိလိုက်ပါတယ်။ မိမိဌာနမှ ရဲအရာရှိများကို ကာကွယ်ဖို့ ဆက်လက်စုံစမ်းရာကနေ မထင်မှတ်ပဲ အကြောင်းအရင်းအမှန်ကို သိလိုက်တဲ့အခါမှာတော့ ရဲအရာရှိ အနေနဲ့ ဘယ်လိုဆက်လုပ်မလဲ၊ အဲ့လိုဖြစ်ရတဲ့ အကြောင်းအရင်းအမှန်က ဘာလဲ၊ ဘာကြောင့် ရဲအရာရှိတွေကို လိုက်သတ်နေရတာလဲ ဆိုတာ ရင်ခုန်စိတ်လှုပ်ရှား ဖွယ်စောင့်ကြည့်ရမယ့် ရုပ်ရှင်ကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ တစ်ချို့သောကိစ္စတွေဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံတကာက တိတ်တဆိတ်မတရားမှုတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ IMDb Rating 5.2 ပေမယ့် . အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးမို့လို့ ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။