-
Movie Name
-
47 Ronin
-
Year
-
2013
-
Generes
-
Action, Drama, Fantasy
-
Code
-
02053
-
Type
-
Movie
-
Size
-
1.35 GB
-
Country
-
Japan
-
Description
-
47 Ronins (သို့မဟုတ်) ဂျပန်နိုင်ငံရဲ့သမိုင်းထဲက
အံ့ဩမှင်သက်ဖွယ်ရာဖြစ်ရပ်မှာန်ဇာတ်လမ်းတစ်ပုဒ်
အပြစ်တစ်ခုကိုလုပ်မိတဲ့အတွက် ပြစ်ဒဏ်ခတ်ခြင်းမခံရတဲ့အခါ
ကမ္ဘာကြီးကဟန်ချက်ပျက်လာတယ်။ အမှားတစ်ခုကိုကျူးလွန်ခဲ့တယ်သူဟာ
ဒဏ်ခတ်အပြစ်ပေးခြင်းမခံရတဲ့အခါ ကောင်းကင်ဘုံက
ငါတို့ကိုရှက်စရာလူတွေအဖြစ်သတ်မှတ်လိုက်တယ်။
ဒီညငါတို့ရဲ့သခင်အတွက်ကလဲ့စားခြေပြီး ဆုံရှုံးသွားတဲ့တို့ရဲ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ကြမယ်။
ငါတို့ထဲကဘယ်သူမှ
ဘယ်အချိန်သေမယ် ဘယ်လောက်ကြာကြနေရမယ်ဆိုတာ မသိဘူး။
ဒါပေမယ့် အနှေးနဲ့အမြန်
mmbus
ငါတို့သေသွားတဲ့အခါ ငါတို့ရဲ့ရင်သွေးတွေအတွက်ချန်ထားခဲ့နိုင်တဲ့အရာဟာ
ငါတို့ရဲ့နာမည်ကိုသူတို့ရဲ့ပါးစပ်ကထွက်တဲ့အခါ ဘယ်လောက်များများဂုဏ်ယူရမလဲဆိုတဲ့ခံစားချက်သာဖြစ်တာ်။
ဒါကဇာတ်ကားထဲက ဒိုင်ယာလော့တစ်ချို့ပါ။
ဒီဇာတ်ကားမှာ ဂျပန်နိုင်ငံရဲ့ အမှတ်အသားလိုဖြစ်နေတဲ့
ဆာမူရိုင်းတွေရဲ့ စည်းလုံးပုံနဲ့ ဆာမူရိုင်းရယ်လို့နာမည်တစ်လုံးနဲ့
ကမ္ဘာမှာခုချိန်ထိကျော်ကြားလောက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့
သူတို့ရဲ့သတ္တိနဲ့ မဆုတ်မနစ်တဲ့စိတ်ဓာတ်တွေကိုတွေ့မြင်ခံစားရမှာပါ။
ဂျပန်တွေဟာ သတ္တိအရမ်းကောင်းတယ်။ သေရမှာထက် ရှုံးရမှာကိုပိုပြီးရှက်ကြတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ခေါင်းဆောင်တွေဟာ
လက်နက်ချကြောင်းတရား၀င်ကြေငြာမယ့်သူကလွဲရင်
ကျန်တဲ့စစ်ဗိုလ်တွေအားလုံး အဆုံးစီရင်သွားကြတယ်လို့ဖတ်ဖူးတယ်(မှန်မမှန်တော့မသိပါဘူး)။
သေတဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိတဲ့သေခြင်းဆိုတာကို
ကျွန်တော်တို့ချမ်းသာစည်းစိမ်ကိုလိုချင်တပ်မက်သလိုမျိုးကိုမက်မောကြတယ်။
ဒီဇာတ်ကားမှာလဲ ဆာမူရိုင်းတွေရဲ့သေခြင်းနဲ့ပက်သက်တဲ့စိတ်ထားကို
ရင်သပ်ရှုမောစွာခံစားကြရလိမ့်မယ်။
သူတို့ဟာသေပြီးတဲ့နောက်မှာ ဂုဏ်သိက္ခာကို
အရမ်းတန်ဖိုထားနေေသးတာကိုလေးနက်စွာနားလည်ရပါလိမ့်မယ်။
ဂျပန်နိုင်ငံရဲ့ဆာမူရိုင်းလောကမှာ ရိုနင်တွေဟာ
ရှက်စရာအကောင်းဆုံးလူတွေဖြစ်တယ်။ဆာမူရိုင်းတစ်ေယာက်ဟာ
သတ္တိကြောင်ပြီးတိုက်ပွဲကနေထွက်ပြေးခဲ့ရင်ပဲဖြစ်ဖြစ်
တိုက်ပွဲမှာရင်ဆိုင်တိုက်ခိုက်ကြရင်း ရှုံးနိမ့်သွားခဲ့ရင်ပဲဖြစ်ဖြစ် သူ့သခင်အပေါ်မှာ
တာ၀န်မကျေခဲ့ရင်ပဲဖြစ်ဖြစ် ရိုနင်တစ်ယောက်ဖြစ်လာရပါတယ်။ ဆာမူရိုင်းတွေရဲ့တာ၀န်ဟာ
သူတို့ရဲ့ဆရာသခင်နဲ့ သူတို့နေတဲ့ဒေသကိုကာကွယ်စောင့်ရှောက်ဖို့ဖြစ်တဲ့အတွက်
ရိုနင်တွေထဲမှာ ရှက်စရာအကောင်းဆုံးကတော့ ကိုယ့်ရဲ့ဆရာသေသွားလို့ ရိုနင်ဖြစ်လာတဲ့
သခင်မဲ့ဆာမူရိုင်းတွေပဲ။ ကိုယ့်ရဲ့အသုံးမကျညံ့ဖျင်းမှုနဲ့တာ၀န်မကျေမှုရဲ့ပြယုတ်မလို့ပါပဲ။
ဆာမူရိုင်းတို့ရဲ့စည်းကမ်းတွေဟာတင်းကြပ်လှပါတယ်။
တင်းကြပ်သလောက်လဲ ဖောက်ဖျက်မိရင် ရရှိမယ့်ပြစ်ဒဏ်က
ပြင်ထန်လွန်းလှတယ်။
ဒီဇာတ်လမ်းမှာ အာကိုဆိုတဲ့ဒေသကိုအုပ်ချုပ်ရတဲ့
သခင်အာဆိုနိုဟာ သူ့ဆီကိုအလည်လာတဲ့သခင်ကီရာကို ဓားနဲ့ရွယ်ခဲ့မိတယ်။
ဖြစ်ချင်တော့ အဲ့ဒီ့အချိန်က ဂျပန်နိုင်ငံကိုအုပ်ချုပ်တဲ့စစ်ဗိုလ်ကြီးရှော့ဂန်းကလည်း
သခင်အာဆာနိုရဲ့အိမ်မှာကျင်းပတဲ့ပြိုင်ပွဲအတွက်ရောက်နေတဲ့အချိန်လည်းဖြစ်တယ်။
အိမ်သူအိမ်သားတွေရှိနေတဲ့ ရဲတိုက်ထဲမှာ ဓားအိမ်ထဲကဓားကိုဆွဲထုတ်ခြင်းအတွက်ပြစ်ဒဏ်ကသေခြင်းပါ။
ဒီလိုနဲ့ သခင်အာဆာနိုရဲ့လက်အောက်က ဆာမူရိုင်းတွေဟာ
သခင်မဲ့ရိုနင်တွေဖြစ်လာကြပါတယ်။
ဒါပေမယ့်သူတို့ဟာ သူတို့သခင်ရဲ့သေဆုံးခြင်းဟာ
တစ်စုံတစ်ယောက်ရဲ့ပယောဂပါနေတယ်ဆိုတာကိုရိပ်မိခဲ့ကြပါတယ်။ အဲ့ဒီလိုနဲ့ပဲ
အရှက်ကွဲခဲ့တဲ့ရိုနင်တွေဟာ သူတို့ရဲ့သိက္ခာကိုပြန်ဆယ်ဖို့နဲ့
သူတို့သခင်ရဲ့ဝိညဉ်တမလွန်မှာငြိမ်းချမ်းစွာအိပ်စက်အနားယူနိုင်ဖို့အတွက်
ကလဲ့စားခြေနိုင်ဖို့ကြိုးစားခဲ့ပါတယ်။
ဘာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲ
သူတို့ကလဲ့စားခြေတာကရော အောင်မြင်မှာလား
အဲ့ဒီ့နောက်မှာရော ဘာတွေဆက်ဖြစ်ကြမလဲခံစားကြည့်ပါဦး။
—————-
ဒီဇာတ်ကားမှာ ထူးထူးခြားခြားလေးကတော့
John Wickဇာတ်ကားေတွနဲ့ကျွန်တော်တို့ရဲ့
အချစ်တော်ကြီးဖြစ်လာတဲ့ မင်းသားကြီး Keanu Reeves
ပါလာတာပါပဲ။
သူဟာဒီဇာတ်ကားမှာ
မှော်ဆန်တဲ့ကျွန်းတစ်ခုကနေထွက်ပြေးလွတ်မြောက်ပြီး
ဆာမူရိူင်းတို့ရဲ့နေရာကိုရောက်လာတဲ့ကောင်လေးတစ်ယောက်ရဲ့နေရာမှ
ာသရုပ်ဆောင်ထားပါတယ်။
ဆာမူရိုင်းတို့ရဲ့နေရာမှာ နေရတဲ့ဆာမူရိုင်းမဟုတ်တဲ့
လူတစ်ယောက်အနေနဲ့ နေရထိုင်ရတာမလွယ်ပါဘူး။
အနှိမ်ခံရတယ်။ အချိုးခံရတယ်။
ဒါပေမယ့် သူကျေးဇူးမမေ့တတ်ပါဘူး။
အိမ်ယာမဲ့သူ့ကိုကယ်ထားတဲ့ သူ့ရဲ့သခင်ကို သူချစ်တယ်။
ဒါပေမယ့် သူ့သခင်သွေသွားတဲ့နောက်မှာရော
သူ့ရဲ့ကံကြမ္မာက ဘယ်လိုဖြစ်လာမှာလဲ။
ဆာမူရိုင်းမဟုတ်တဲ့သူကရော ရိုနင်တစ်ယောက်ဖြစ်လာမှာလား။
ကလဲ့စားခြေတဲ့အချိန်ကျရင်ရော သူက ဘယ်ဘက်ကရောက်နေမှာလဲဆိုတာလေးတွေပါ
ကြည့်ရှုခံစားလိုက်ကြပါဦး။