Movie Name
Assassination (2015)
Year
2015
Generes
Action, Thriller
Code
02054
Type
Movie
Size
655 MB
Country
Japan
Description
IMDb Rating (7.3/10) နဲ့ Rotten Tomatoes (86%) ထိရရှိထားတဲ့ Drama, History, Thriller အမျိုးအစား ကိုရီးယားဇာတ်ကားဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ဇူလိုင် ၂၂ ရက်နေ့က ရုံတင်ခဲ့ပြီး သြဂုတ် ၁၅ ရက်ထိ လက်မှတ်စောင် ရေ ၁၀ သန်းကျော်ရောင်းချနိုင်ခဲ့တဲ့ အောင်ပွဲခံဇာတ်ကားဖြစ်ပါတယ်။ ဂျပန်ခေတ်နောက်ခံဇာတ်လမ်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်များဆီက ဂျပန်လက်အောက်ခံဖြစ်နေတဲ့ ကိုရီးယားနိုင်ငံရဲ့ အခြေအနေကို မြင်တွေ့ရမှာဖြစ်ပြီး ကိုရီးယားတော်လှန်ရေးသမားတွေဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မန်ချူးရီးယားမှာ အခြေစိုက်ပြီး ပုန်းခိုနေခဲ့ရပါတယ်။ ၁၉၃၃ မှာ ကိုရီးယားရောက်ဂျပန်စစ်တပ်အကြီးအကဲနဲ့ ဂျပန်−ကိုရီးယား ကပြားစီးပွားရေးသမားတစ်ဦးကို လုပ်ကြံဖို့ပြင်ဆင်ခဲ့ကြပါတယ်။ ရှန်ဟိုင်းမှာထွက်ပြေးတိမ်းရှောင်နေတဲ့ ကိုရီးယားအစိုးရရဲ့ ကိုယ်စားလှယ် ယုန်းဆော့ဂျင်းက သေဒဏ်ပေးခံထားရတဲ့ လက်ဖြောင့်သေနတ်သမားအန်းအုပ်ယွန်ကို ထောင်ဖောက်ကယ်ဆယ်ခဲ့ပြီး လုပ်ကြံမှုကြီးကို ဦးဆောင်စေခဲ့ပါတယ်။ အုပ်ယွန်ဟာ ဆော့ဆာပို၊ ဟွမ်ဒေါက်ဆမ်ဆိုသူ နှစ်ယောက်နဲ့အတူ ကိုရီးယားနိုင်ငံအုပ်ချုပ်ရေးလက်ဝယ် ပြန်ရနိုင်ဖို့အတွက် လုပ်ကြံမှုကိုလှုပ်ရှားဖို့ကြိုးပမ်းခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း ရန်သူ ဘက်က သတင်းရသွားတာ ကြောင့် ကြေးစားလူသတ်သမား ဟာဝါအီပစ်စတိုဆိုသူနဲ့ သူ့ပါတနာယောင်ဂမ်းတို့ကို ငှားရမ်းပြီး အုပ်ယွန်တို့အဖွဲ့ကိုရှင်းပစ်ဖို့အမိန့်ပေးခဲ့ပါတယ်။ အုပ်ယွန်တို့ထဲက အဖွဲ့ဝင်တစ်ယောက်က သစ္စာဖောက်ခဲ့ပြီး ရန်သူဘက်ကို ဒီဘက်က အစီအစဉ်တွေကို အသိပေးခဲ့တာကြောင့် တစ်ဖွဲ့လုံး အပြုတ်တိုက်ခံရဖို့ အခြေအနေထိပါ ဖြစ်သွားခဲ့ပါတော့တယ်။ သစ္စာဖောက်တဲ့သူကို အုပ်ယွန် ခြေရာခံမိမှာလား၊ အကြံ အစည်တွေ ပေါက်ကြားကုန်တဲ့ အခြေအနေမှာ လုပ်ကြံမှုကြီး အထမြောက်အောင် အုပ်ယွန် ဘယ်လိုကြံဆောင်မှာလဲဆိုတာ ကိုယ်တိုင်ကြည့်တဲ့အခါ အရသာ ပျက်မှာစိုးလို့ မပြောပြတော့ဘူး နော်။ အဓိက သရုပ်ဆောင်အန်း အုပ်ယွန်ခေါ် မစ်ဆူကိုအဖြစ် (My Sassy Girl မင်းသမီး)ဂျန်ဂျီဟွန်း၊ ယုန်းဆော့ဂျင်း အဖြစ် လီဂျောင်ဂျဲ၊ ဟာဝါအီပစ်စတိုအဖြစ် ဟာဂျောင်ဝူးတို့က သရုပ်ဆောင်ထားကြတာပါ။ (ရုပ်ရှင်အညွှန်းကို 7Daydaily.com မှကူးယူဖော်ပြပါသည်။)