Movie Name
One & Another Him
Year
2018
Generes
Romance
Code
SC0070
Type
Series
Size
15.7 GB
Country
China
Description
နှစ်ယောက်တကိုယ် အချစ်ပုစ္ဆာ💕 TYMMtv ပရိသတ်များအတွက် ကျောင်းသားကားလည်းဖြစ် အချစ်ဟာသကားလေးလည်းဖြစ်တဲ့အပြင် mystery လေးပါရောထားတဲ့ တရုတ်ကားကောင်းလေးတကားနဲ့ မိတ်ဆက်ပေးပါမယ် ဒီကားထဲမှာ သင်္ချာပါရမီရှင်ကြီး ရှောင့်အန်းအဖြစ် မင်းသားချော Dylan Xiong ကိုတွေ့မြင်ရမှာပါ TYMMtv မှာ သူအောင်မြင်တဲ့ကားတွေဖြစ်တဲ့ Pretty Man & My Mr.Mermaid တင်ဆက်ဖူးလို့ ရင်းနှီးဖူးသားဖြစ်ပါလိမ့်မယ် မင်းသမီးကတော့ အသက် 16နှစ်သာရှိသေးတဲ့ Inference Notes ကားထဲတွင် ပါဝင်တဲ့ Wendy Zhang ကို လင်းယွမ်အဖြစ်တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းကတော့ … လင်းယွမ်က သင်္ချာမှာညံ့လွန်းတဲ့သူပါ သူမထက် အသက်များစွာကြီးသော သင်္ချာဆရာ ကျိုးရန်ကို ကြိုက်နေပေမယ့် ကျိုးရန်ကတော့ အသက်ရွယ်ကြောင့် လက်မခံဘဲ ရုတ်တရက်ပျောက်ဆုံးသွားသောအခါ အသည်းကွဲကျန်ရစ်ခဲ့ပါတယ် ရှောင့်အန်းက နိုင်ငံတကာမှာဆုမြောက်မြားစွာရဖူးတဲ့ သင်္ချာပါရမီရှင်ပါ သူကအမြဲတမ်း နေ့တိုင်း ကိုယ့်ကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားလေ့ရှိပါတယ် လင်းယွမ်နဲ့ ရှောင်အန်းတို့ နှစ်ယောက် ထိုင်းနိုင်ငံမှာ အထင်လွဲမှုလေးတွေနဲ့ တွေ့ဆုံခဲ့ကြပြီး မထင်မှတ်ဘဲ တက္ကသိုလ်တခုတည်းမှာ ပြန်ဆုံကြတဲ့အခါ…… ထူးဆန်းတဲ့ကင်မရာတခုကြောင့် ဓာတ်ပုံရိုက်လိုက်ရင် လင်းယွမ်ရဲ့ အချစ်ဦး ကျိုးရန်ရဲ့ မှတ်ဉာဏ်က ရှောင့်အန်းခန္ဓာကိုယ်ထဲရောက်သွားပြီး ပြောင်းလဲသွားတဲ့အခါ…… အပိုင်း(၂၄) ပိုင်းပါရှိပြီး လက်ရှိထိ eng sub ရော စာဖိုင်ရော မထွက်သေးပါဘူး အီဒီယံတွေများတဲ့အပြင် အားတဲ့အချိန်လေး ပြန်ပေးမှာဖြစ်တဲ့အတွက် စိတ်ရှည်လက်ရှည် စောင့်ကြည့်အားပေးကြပါနော်