Movie Name
In Fear (2013)
Year
2013
Generes
Horror, Thriller
Code
01411
Type
Movie
Size
609 MB
Country
Hollywood
Description
In Fear ဇာတ်ကားကတော့ Director: Jeremy Lovering ရဲ့ ရိုက်ကွက်တွေကို သဲထိပ်ရင်ဖိုခံစားရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ >IMDb Rating 5.5/10 >Rotten Tomatoes Rating 83% ဒီထဲမှာဆိုရင် Iain De Casestecker , Alice Englert နဲ့ Alien Leechတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းကတော့ Tomနဲ့ Lucy ဆိုတဲ့ ချစ်သူစုံတွဲတစ်တွဲကနေ ဇာတ်လမ်းစထားတာဖြစ်ပါတယ်။ သူတို့ချစ်သူစုံတွဲဟာဆိုရင် ချစ်သူသက်တမ်း ၂ပတ်ပြည့်တဲ့နေ့မှာ Tom က Lucyကို သူ့သူငယ်ချင်းတွေနဲ့ ညဘက်ပျော်ပွဲရွှင်ပွဲသွားဖို့ခေါ်ခဲ့ပါတယ်။ ဒါအပြင် Tom ဟာ Kilairneyဆိုတဲ့ Hotel မှာလည်း နှစ်ယောက်သားအတူတူအိပ်ဖို့ Online ကနေ ဘိုကင်လုပ်ထားလိုက်ပါတယ်။ အဲ့ဒီ့ Hotel ဟာဆိုရင်တော့ လူနေအိမ်တွေနဲ့တော်တော်ဝေးတဲ့ တောလမ်းတောက်လျောက်ရဲ့အစွန်တစ်နေရာမှာရှိနေတာဖြစ်ပါတယ်။ Tom နဲ့ Lucyတို့အတွဲ ထို Hotel ကို ကားဖြင့်သွားကြစဉ် လမ်းခရီးက တော်တော်ဝေးပြီးရှုပ်ထွေးလှပါတယ်။ သူတို့နှစ်ယောက် Hotel သို့ရောက်ရာတွင် Tom က အခန့်မသင့်ပဲ ထိုမှ ဒေသခံများနှင့်ရန်ဖြစ်သဖြင့် ထို Hotel တွင် အိပ်မရဘဲ လမ်းခရီးတောက်လျောက်ပြန်လာခဲ့ရပါတယ်။ သို့သော် ပြန်လာသည့်အချိန်မှာ ညဉ့်နက်သန်းခေါင်ရောက်နေပြီဖြစ်တာကြောင့် လမ်းများကို သေချာမသိတော့ဘဲ လမ်းပျောက်နေခဲ့ပါတယ်။ တကယ့်တော့ လမ်းပျောက်နေတာ သူတို့အတွက် ကြောက်စရာမဟုတ်ခဲ့ပါ. တကယ့်ကြောက်စရာကတော့…. ဘာလဲဆိုတာသိချင်ရင် ဒီဇာတ်ကားထဲမှာဆက်လက်ရှု့စားကြပါတော့…။ ဒီဇာတ်ကားဟာဆိုရင်တော့ ဇာတ်ကားနာမည် In Fearဆိုတဲ့အတိုင်း ကြောက်မက်ဖွယ်အရသာကို ပေးစွမ်းမယ့် Horror,Mystery,Thrillerဇာတ်ကားအမျိုးအစားဖြစ်တာကြောင့် ကြည့်ရှု့သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။