Movie Name
Flubber (1997)
Year
1997
Generes
Comedy, Family, Sci-Fi
Code
04520
Type
Movie
Size
815 MB
Country
Hollywood
Description
ဒီဇာတ်ကားလေးကို ကျွန်တော်တို့ ငယ်ငယ်က တစ်နည်းနည်းနဲ့ ကြည့်ဖူးခဲ့ကြပါလိမ့်မယ်ထင်ပါတယ်။ မကြည့်ရသေးရင် ပြန်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ Disney ရဲ့ Back to 90’s Live action ကား ဟောင်းလေးပဲဖြစ်ပါတယ်။ ဟာသမင်းသားကြီး ရော်ဘင် ဝီလီလျံက ဒီဇာတ်ကားတစ်ခုလုံးမှာ အဓိက ပါ၀င်ထားပါတယ်။ ဇာတ်လမ်း အညွှန်းလေးက မစ်ဒ်ဖီးလ် ကောလိပ်က ဓာတုဗေဒ ပါမောက္ခ ဖိလစ် ဘရိန်းနက်ဟာ ကောလိပ်ကိုရပ်တည်နိုင်ဖို့ ရုန်းကန်နေရတဲ့သူဖြစ်ပါတယ်။ ကောလိပ်ရဲ့ ဥက္ကဌဖြစ်သူ ဆာရာ နဲ့ အကြိမ်ကြိမ်‌လက်ထပ်ဖို့ ကြိုးစားပေမဲ့ ဘရိန်းနက်ရဲ့ မေ့လျော့ပေါ့ဆမှုတွေကြောင့် ‌မအောင် မြင်သေးပါဘူး။ တစ်ဖက်မှာလည်း ဖိလစ်ဟာ သူ့ရဲ့ စမ်းသပ်ချက်တွေကနေ သက်ရှိဇီ၀ ဖလူဘာလို့ခေါ်တဲ့ ရောဘာကောင်လေးကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်သွားမလဲ၊ ကောလိပ်ကိုကော ဘယ်လို အကျိုးရှိရှိလုပ်ပေးသွားသလဲ၊ ချစ်ရသူ ဆာရာနဲ့ကော ရွှေလက်တွဲသွားနိုင်ပါ့မလားဆိုတာကိုတော့ ပရိတ်သတ်ကြီး ဆက်လက်ခံစားကြည့်ရှုလိုက်ပါခင်ဗျာ။ Comedy, Family, Sci-Fi ကားလေးဖြစ်ပြီး ကလေးတွေအတွက် Entertain ဖြစ်စေပြီး 90 borns တွေလည်း Nostalgicဖြစ်စေမဲ့ကားလေးလို့ အကြံပြုလိုက်ပါရစေ . . .