Movie Name
The 100th Love With You ( 2017 )
Year
2017
Generes
Drama, Romance
Code
02080
Type
Movie
Size
748 MB
Country
Japan
Description
ဒီဇာတ်ကားလေးကတော့ 2017 ခုနှစ်မှာပဲ ထွက်ရှိခဲ့တဲ့ Romance , Fantasy & Time Travel ဇာတ်လမ်းလေးပါ … ဇာတ်လမ်းအကျဉ်းလေးကတော့ – အအိုအိ , ရိခု , နာအိုယ နဲ့ တဲ့စုက တို့ သူငယ်ချင်း ၄ ယောက် ပေါင်းပြီး stroboscope ဆိုတဲ့ band လေး ကို ဖွဲ့စည်းထားပါတယ် … သူတို့ သူငယ်ချင်း ၄ ယောက် ဖွဲ့စည်းထားတဲ့ band လေးက ၇ လ ပိုင်း ၂၇ ရက်နေ့ အအိုအိ မွေးနေ့မှာပဲ ပွဲတော်တစ်ခုမှာ ဖျော်ဖြေရမှာ ဖြစ်ပါတယ် … ထိုဖျော်ဖြေပွဲပြီးနောက် အအိုအိ တစ်ယောက် ယာဉ်တိုက်မှု တစ်ခု ကြုံတွေ့ခဲ့ရပါတယ် … ဒါပေမဲ့ အအိုအိ ပြန်နိုးလာတော့ ၇ လပိုင်း ၂၇ ရက်နေ့ မတိုင်ခင် တစ်ပတ်အလိုက ဖြစ်စဉ်တစ်ခုဖြစ်တဲ့ အတန်းထဲမှာ စာသင်နေရင်း နိုးလာပါတယ် … အဲ့နောက်မှာတော့ ရိခု က အအိုအိ ကို ” နင့်ကိုငါ့ရဲ့ လျှို့ဝှက်ချက် တစ်ခုပြောပြမယ် ” ဆိုပြီး … သူဟာ အချိန်တွေကို နောက်ပြန်ဆုတ်နိုင်ကြောင်း ကို အအိုအိ ကို ပြောပြလိုက်ပါတယ် … ထိုအချိန်တွေကို နောက်ပြန်ဆုတ်နိုင်တဲ့ အစွမ်းနဲ့ပဲ ရိခု တစ်ယောက် အအိုအိ ရဲ့ ကံကြမ္မာ ကို ပြောင်းလဲပစ်နိုင်မလား ? မပြောင်းလဲ ပစ်နိုင်မလား ? ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် … ဂျပန်လူမျိုးတွေရဲ့ နွေဥတု မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ အချိန်ကုန်ဆုံးပုံတွေကို ရိုးရာဓလေ့တွေကို စိတ်ဝင်စားဖွယ်တွေ့ရှိရမှာ ဖြစ်ပါတယ် … ဒီဇာတ်ကားလေးကို အအိုအိ အဖြစ် Miwa က ပါဝင်သရုပ်ဆောင်ထားပြီး , ရိခု အဖြစ် Kentaro Sakaguchi တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် … Rating အရ IMDb မှာ 6.9/10 ရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားလဲ ဖြစ်ပါတယ် …