-
Movie Name
-
You Lie In April (2016)
-
Year
-
2016
-
Generes
-
Drama, Romance
-
Code
-
02083
-
Type
-
Movie
-
Size
-
868 MB
-
Country
-
Japan
-
Description
-
ဧပြီလဂျပန်နိင်ငံမှာဆာကူရာပန်းတွေဖွေးဖွေးလှုပ် အောင်ပွင့်နေကြပါပြီမကြာခင်ပန်းပွင့်လေးတွေပြန်လည် ကြွေလွင့်ကြရဦးမှာပါဒီဇတ်ကားလေးဟာဧပြီလကိုအ ခြေခံထားပြီးဆာကူရာပန်းတွေနဲ့ဇတ်အိမ်တည်ထားတဲ့ ဇတ်ကားတစ်ကားဆိုလည်းမမှားပါဘူးမင်းသားကဂျပန် နိင်ငံရဲ့နာမည်ကျော်မင်းသားဖြစ်တဲ့ယာမာဇာကီကန်တိုကခေါင်းဆောင်ပါဝင်ထားပါတယ်ငယ်ငယ်လေးကတည်းကမိခင်ဖြစ်သူရဲ့သင်ကြားမှုကြောင့်စန္ဒယားကို ကျွမ်းကျင်ပြောင်မြောက်စွာတီးခတ်နိင်သူကိုဆဲအိ(ကန်တို)တစ်ယောက်မိမိဝါသနာပါတဲ့စန္ဒယားကိုစွန့်လွတ်ပြီးဘယ်လိုစခန်းသွားမလဲဘာကြောင့်စန္ဒယားတီး ခြင်းကိုစွန့်လွတ်လိုက်ရတာလဲစန္ဒယားနဲ့ကင်းကွာနေတဲ့ ကိုဆဲအိအနားကိုမထင်မှတ်ပဲရောက်ရှိလာတဲ့တယောဆရာမလေးကအိုရီသူကကောဘယ်သူလဲဘယ်ကလဲ ကအိုရီကိုချစ်မိသွားတဲ့ကိုဆဲအိတစ်ယောက်ကအိုရီတီးခတ်စေချင်တဲ့စန္ဒယားကိုပြန်လည်တီးခတ်မလားဆိုတာ စိတ်ဝင်စားစရာပါငယ်စဉ်ကတည်းကကိုဆဲအိအပေါ် သူငယ်ချင်းထက်ပိုတဲ့သံယောဇဉ်ဖြင့်ချစ်မိနေတဲ့စုဘကိသူကကောကိုဆဲအိရဲ့အချစ်ကိုရနိင်ပါ့မလားဆိုတာစိတ်ဝင် တစားစောင့်ကြည့်ရမှာပါဂျပန်မန်းဂကိုအခြေခံထားတဲ့ဒီ ဇတ်ကားဟာဂျပန်မှာလူငယ်ပရိတ်သတ်တွေကြား သည်းသည်းလှုပ်ဖြစ်သွားတာလည်းမထူးဆန်းလှပါဘူး ဒီဇတ်ကားမှာဆာကူရာပန်းတွေရဲ့အလှကိုလည်းခံစားရဦးမှာပါထွက်လာတာသိပ်မကြာသေးတဲ့ဒီဇတ်ကားကိုပရိတ်သတ်တွေအမြန်ကြည့်စေချင်တာကြောင့်အမြန်ဆုံးနဲ့အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဇတ်ကားရဲ့အညွန်းကိုသေချာပြောပြနေရင်ဒီဇတ်ကားရဲ့ရသပျက်သွားမှာစိုးရိမ်မိတဲ့အတွက်သေချာမပြောပြတော့ပါဘူးသေချာတာတစ်ခုကတော့ဒီဇတ်ကားဟာရင်ထဲမှာတခုခုကျန်ရစ်ခဲ့စေမယ့်ဘေကုန်ရကျိူးနပ် မယ့်ဇတ်ကားတစ်ကားလို့ထပ်လောင်းပြောကြားရင်းမြန်မာ့နစ်သစ်ကူးအခါသမယသင်္ကြန်အချိန်မှာအားလုံးဘေးရန်ကင်းရှင်းစွာနဲ့ပျော်ရွင်နိင်ပြီးလိုရာဆန္ဒတွေလည်း ပြည့်ဝပါစေလို့ဆုတောင်းပေးလိုက်ပါတယ်