-
Movie Name
-
Bleach (2018)
-
Year
-
2018
-
Generes
-
Action, Adventure, Fantasy
-
Code
-
02084
-
Type
-
Movie
-
Size
-
870 MB
-
Country
-
Japan
-
Description
-
2018 ခုနှစ်ရဲ့ စောင့်ကြည့်အခံရဆုံး Live Action တစ်ခုဖြစ်တဲ့ Bleach Live Action လေး မနေ့ကပဲ ထွက်ရှိလာခဲ့ပါပြီ … ဒီဇာတ်ကားကို 2016 ခုနှစ်က Death Note : Light Up the New World ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Shinsuke Sato က ရိုက်ကူးခဲ့တာဖြစ်ပြီး Warner Bros ( WB ) က produce လုပ်ပေးကာ Budget ပေါင်း အမေရိကန် ဒေါ်လာ ၃ သန်းခွဲခန့် သုံးစွဲ ရိုက်ကူးခဲ့ပါတယ် … နာမည်ကျော် Bleach Anime Series ကို အခြေခံကာ ရိုက်ကူးထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းကိုတော့ ရင်းနှီးပြီးသားဖြစ်ကြမှာပါ … Anime မကြည့်ရသေးတဲ့ သူတွေအတွက် ဇာတ်ကြောင်းလေး နည်းနည်း ပြောပြပေးပါ့မယ် … Ichigo က ငယ်စဉ်ကတည်းက အမေ ကို ဆုံးရှုံးခဲ့ရတဲ့ အထက်တန်းကျောင်းသားတယောက် ဖြစ်ပါတယ် … သူ့မွေးရာပါ ပါရမီက သရဲတွေကိုမြင်ရခြင်းပါ … တရက်မှာ Rukia လို့ခေါ်တဲ့ Shinigami (ဝိဉာဉ် ရိတ်သိမ်းသူ) တယောက်နဲ့ကြုံတွေ့ခဲ့ရပါတယ် … သူက Hollow (ဝိဉာဉ်စားတဲ့အကောင်) နောက်ကိုလိုက်လာတာပါ … Ichigo က သူ့မိသားစုကိုကာကွယ်ဖို့ Rukia ရဲ့စွမ်းအားတွေကိုယူလိုက်ရပါတယ် … ဒီလိုနဲ့ သူကိုယ်တိုင် Shinigami ဖြစ်သွားပီး Hollow တွေက သူ့နောက်ကို လိုက်နေမှန်းသိသွားပါတယ် … ဝိဉာဉ်အဖွဲ့အစည်းကလဲ Rukia ကိုခြေရာခံနေတယ် … ဒီတော့ Ichigo တယောက် သူ့မိသားစုနဲ့ သူ့မြို့ကို ဘေးအန္တရာယ်တွေကြားကနေ ကယ်တင်နိုင်မလား ? Rukia ကရော ဝိဉာဉ်အဖွဲ့အစည်းနဲ့ ဘာဆက်ဖြစ်မလဲ ဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် …. ကဲ … အခုတစ်ခေါက် Live Action ကရော Anime ကို မှီပါ့မလား ?? ဒါမှမဟုတ် fail ပဲ fail မလား ဆိုတာကတော့ ပရိသတ်တွေရဲ့ စကားသံကိုပဲ နားထောင်ကြည့်လိုက်ကြရအောင် … Ichigo အဖြစ် ပရိသတ်တွေနဲ့ အသားကျပြီးသားဖြစ်တဲ့ Karen Rider မင်းသား Sota Fukushi က ပါဝင် သရုပ်ဆောင်ထားပြီး Rukia အဖြစ် Hana Sugisaki တို့က ပါဝင် သရုပ်ဆောင်ထားပါတယ် … Rating အရ ကြည့်မယ်ဆိုရင်တော့ IMDb မှာ 7.2/10 အထိ ရရှိထားပါတယ် …