-
Movie Name
-
Cyborg Girl(Cyborg She) (2008)
-
Year
-
2008
-
Generes
-
Action, Romance
-
Code
-
02086
-
Type
-
Movie
-
Size
-
864 MB
-
Country
-
Japan
-
Description
-
Borg Girl (2008) မြန်မာစာတမ်းထိုး သင် ချစ်နေတဲ့သူသာစက်ရုပ်တစ်ရုပ်ဖြစ်နေခဲ့ရင်သင်ဘာလုပ်မလဲ? ဒီဂျပန်ကားလေးကတော့ အချစ်-သိပ္ပံ-အက်ရှင် အချို းကျ ပေါင်းစပ်ထားပြီး မထင်မှတ်တဲ့ twistတွေနဲ့ ဇာတ်အိမ်ဖွဲ့ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ထူးထူးဆန်းဆန်းဇာတ်အိမ် ကြိုက်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ ကားပါ။ ဂျီယို ခီတမူရ ဆိုတဲ့ အသက်(၂၀)အရွယ်ကောင်လေးဟာမိဘတွေလည်းမရှိ ရည်းစားလည်းမရှိ သူငယ်ချင်းလည်း သိပ်မရှိတဲ့ အထီးကျန်ကောင်လေးပေါ့။ မွေးနေ့တိုင်းကို သူ့ဘာသာသူ မွေးနေ့လက်ဆောင်ပေးပြီး တစ်ယောက်တည်း ဖြတ်သန်းရလေ့ရှိတယ်။ ဒီလိုနဲ့ အသက် (၂၀) ပြည့်မွေးနေ့(2007)မှာ သူ့ဘဝထဲကို ထူးဆန်းတဲ့ ကောင်မလေးတစ်ယောက် ရောက်လာခဲ့တယ်။ ထူးထူးဆန်းဆန်းတွေ လုပ်တတ်တဲ့ကောင်မလေးက အနာဂါတ်ကလာခဲ့တာတဲ့။ ဂျီယိုနဲ့ မွေးနေ့အတူ ဖြတ်သန်းပြီး ရုတ်တရက် နှုတ်ဆက်ပြီး ပြန်သွားခဲ့တယ်။ဂျီယိုလဲ သူမကို စောင့်နေရင်းနဲ့ ကျန်ခဲ့တာပေါ့။ နောက်တစ်နှစ်မွေးနေ့(2008)ရောက်တော့ ကောင်မလေး တစ်ယောက် ရောက်လာပြန်တယ်။သူကိုယ့်သူ အနာဂါတ်က လာခဲ့တဲ့ cyborg(စက်ရုပ်)တဲ့။ သူဒီကို တာဝန်တစ်ခုကြောင့် ရောက်လာတာတဲ့။ ဂျီယိုက သူ့ကို လူလို ခံစားတတ် ပြုမူတတ်အောင် သင်ပေးရမယ်တဲ့။ စက်ရုပ်မလေးက လူလို ခံစားတတ်လာမှာလား ? ဘယ်သူက လွှတ်လိုက်တာလဲ ? စွဲလမ်းငြိတွယ်ခြင်းဆိုတဲ့ခံစားချက်မှာ သက်ရှိသက်မဲ့ ဖြစ်ခြင်းတွေက အရေးပါသလား…? တုံ့ပြန်မှုမရနိုင်တဲ့အရာတစ်ခုကို ချစ်မိတာ အဓိပ္ပါယ်ရှိရဲ့လား……etc တွေးစရာရစေမဲ့ ကားလေးပါ။