Movie Name
Hyouka The Forbidden Secrets
Year
2017
Generes
Drama
Code
02090
Type
Movie
Size
558 MB
Country
Japan
Description
Anime ကို Live Action အဖြစ်ပြန်အသက်သွင်းထားတဲ့ကားလေးတစ်ကားပါ … ပျိုမေတို့အသည်းစွဲ Kanto လေးလဲပါတယ် … ကိုယ်ကတော့ Kento ကို Orange Live Action မှာထဲက အသဲစွဲခဲ့သူပါ … ဇာတ်လမ်းအကြောင်းလေးပြောပြမယ်နော် … အတိုချုပ်လေးပဲပြောမယ် … Kento လေးကတော်ဒီကားထဲမှာဖြင့် ဟိုအုတရိုအိုရဲခိ-ခွန် နာမည်နဲ့ပဲ … သူ့မှာဆောင်ပုဒ်တခုရှိတယ် … အလုပ်ရှိရင်လုပ်မယ် မရှိရင်မလုပ်ဖူးတဲ့ … သူ့မှာလုပ်စရာတခုပေါ်လာပြီဆိုရင် သေချာတိကျစွာ လုပ်တတ်သူလးပါ … သူ့မှာ အစ်မတယောက်ရှိတယ် … သူကတော့ကမ္ဘာပတ်နေတာ … အစ်မ က ဟိုအုတရို အထက်တန်းကျောင်းတက်ရတော့ မောင်ကိုအကြံပေးစာတခုရေးလိုက်တယ် … အဲဒါကတော့ကျောင်းမှာ ဝင်ရမယ့်အသင်းကို ရေးပေးလိုက်တယ် … ကလက်စစ်အသင်းတဲ့ … အစ်မရဲ့ဆန္ဒအတိုင်းဝင်ခဲ့တဲ့အချိန်မှာ အသင်းထဲ ချီတန်ဒ-စံ ဆိုတဲ့ စူးစမ်းတတ်တဲ့ ကောင်မလေးနဲ့သွားတွေ့တယ် … သူတို့နှစ်ယောက်က အလယ်တန်းထဲကကျောင်းတူတူပဲဖြစ်နေခဲ့တယ် … အဲဒီလိုနဲ့အမပြောတဲ့ အတိုင်းအသင်းထဲကို ဘာရည်ရွယ်ချက်မှမရှိဝင်ခဲ့ပေမယ့် … ချီတန်ဒ နဲ့တွေ့တော့ပြောင်းလဲသွားတယ် … ဘာပြောင်းလဲသွားတာလဲဆိုရင် ချီတန်ဒ ရဲ့ဦးလေးက အရင်ဒီက လက်စစ်အသင်းဝင်ပဲ … သူ့ဦးလေးရဲ့ လွန်ခဲ့သော ၃၃ နှစ်က ကလက်ဒ်အသင်းဝင် ဖြစ်နေတုန်းဖြစ်ခဲ့တဲ့ ကိစ္စလေးတွေရှိခဲ့တယ် … အဲ့ကိစ္စတွေကနက်နဲတယ် … လက်ရှိတော့ ဦးလေးကဆုံးပါးသွားခဲ့ပြီ … ချီတန်ဒ က သူ့ဦးလေးဖြစ်ခဲ့တဲ့ အသင်းရဲ့နောက်ကွယ်က ကိစ္စကို အရမ်းသိချင်နေတော့ သူတယောက်ထဲကလဲ စုံစမ်းလို့မဖြစ်နဲ့ ဟိုအုတရိူ ကို အကူအညီတောင်းတော့တာပဲ … ဟိုအုတရို ကလဲ မလုပ်ရင်လဲလုံးဝမလုပ်သူ , လုပ်ပြီဆိုလဲ ……………………. ဘာတွေဆက်ဖြစ်မလဲဆိုတာ သေချာကြည့်လိုက်ကြနော် …. Rating အရတော့ IMDb မှာ 6.4/10 ရရှိထားပါတယ် … လက်ရှိတော့ HDRip ပဲ ထွက်သေးတာကြောင့် HDRip နဲ့ပဲ တင်ပေးလိုက်ရပါတယ် … ကြည့်ရတော့ အဆင်ပြေပေမယ့် အောက်မှာ တရုတ်စာတန်းလေးတွေ ပါနေတာပေါ့ …