-
Movie Name
-
Kids On The Slope (2018)
-
Year
-
2018
-
Generes
-
Drama, Romance
-
Code
-
02091
-
Type
-
Movie
-
Size
-
906 MB
-
Country
-
Japan
-
Description
-
Kids on the slope” ဇာတ်ကားလေးကတော့ romantic ဇာတ်ကားတွေကိုရိုက်ကူးရာမှာနာမည်ကြီးတဲ့ဒါရိုက်တာ takahiro miki ရိုက်ကူးတဲ့ drama ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့နိရှီမိဆိုတဲ့ အထက်တန်းကျောင်းသားကောင်လေးဟာ သူ့ရဲ့မိသားစုအခြေအနေကြောင့် နယ်မြို့လေးကကျောင်းလေးတစ်ခုကိုပြောင်းတက်ခဲ့ရတယ်။အဲ့ဒီကျောင်းလေးမှာ ကာဝါဘူချီဆိုတဲ့ လူမိုက်ကောင်လေးရယ်ရစ်စုဆိုတဲ့ မိန်းမချောလေးရယ်နဲ့သိကျွမ်းခဲ့ကြတယ်။သူတို့တွေအားလုံးရဲ့တူညီတဲ့အချက်ကတော့jazz ဂီတပေါ်မှာရူးသွပ်ကြတာပါပဲ။အဲ့လိုနဲ့အချိန်တွေကြာလာတဲ့အခါ နိရှီမိ ကာဝဘူချီနဲ့ ရစ်စုကြားထဲမှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ခုဖြစ်လာခဲ့ကြတယ်။ သူတို့ကြားထဲမှာရှိတဲ့သူငယ်ချင်းသံယောဇဉ်တွေ ၁၅၀၀ချစ်ခြင်းမေတ္တာတွေ ဂီတအပေါ်မှာ ရူးသွပ်ကြပုံ အစရှိတဲ့ abstract elements တွေအပေါ်မှာ မှီတည်ပြီး ဇာတ်အိမ်ဖွဲ့ထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ထူးခြားချက်တစ်ခုအနေနဲ့ နိရှီမိနဲ့ ကာဝါဘူချီနေရာမှာသရုပ်ဆောင်ထားတဲ့ဇာတ်ဆောင်မင်းသားတွေဟာ ဇာတ်ကားမှာ အံဝင်ခွင်ကျဖြစ်အောင် ဒရမ်တီးတာနဲ့ ပီယာနိုတီးတာကို လပေါင်းများစွာသင်ယူခဲ့ရပါတယ်။့ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေရဲ့ ရူပါတစ်ပေါက်နဲ့တင်ကြည့်ရတာတန်စေမဲံ့ဇာတ်ကားတစ်ကားပါ။asia ကားတစ်ကားဖြစ်ပေမဲ့ IMDB rating 7.4တောင် ရထားတဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ drama ဇာတ်ကားကောင်းလေးတွေကိုနှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။