-
Movie Name
-
Hashima Project (2013)
-
Year
-
2013
-
Generes
-
Horror
-
Code
-
01439
-
Type
-
Movie
-
Size
-
648 MB
-
Country
-
Thai
-
Description
-
Channel Myanmar ပရိတ်သတ်ကြီးအတွက် Horro အမျိုးအစား ထိုင်းကားကောင်းတစ်ကားကို ဒီနေ့အတွက် တင်ပေးချင်ပါတယ်။ အရင်ဆုံး ဇာတ်လမ်းရဲ့ review လေးအကြောင်းမပြောခင် Hashima ကျွန်းအကြောင်းကိုမဖြစ်မနေပြောရပါလိမ့်မယ်။
Hashima ကျွန်းဟာဆိုရင် ဂျပန်နိုင်ငံ Nagasaki မြို့ကနေ ကိုးမိုင်လောက်မှာတည်ရှိတဲ့ စစ်သင်္ဘောပုံစံတည်ဆောက်ထားတဲ့လူလုပ်သတ္တ္တုမိုင်းတွင်းဟောင်းတစ်ခုဖြစ်ပါတယ်။1887မှာတည်ဆောက်ခဲ့ပြီး ကျွန်းနေအလုပ်သမားပြည်သူငါးထောင်ကျော်လောက်နေနိုင်မဲ့ အိမ်ရာများလည်းဆောက်လုပ်ထားပါတယ်။
1959မှာတော့ ထူးဆန်းဖွယ်ကောင်းလောက်အောင် ကျွန်းပေါ်နေလူများအားလုံးပျောက်ဆုံးသွားခဲ့ပြီး။1974မှာတော့စွန့်ပစ်ကျွန်းတစ်ကျွန်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။2009မှာတော့ အများပြည်သူလာရောက် လေ့လာနိုင်ဖို့ ဂျပန်အစိုးရက ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ညဘက်မှာလုံးဝသွားခွင့်မရှိပါဘူး။
ဒါက Hashima ကျွန်းအကြောင်းပါ။
ဇာတ်ကားအညွှန်းဘက်ပြန်သွားရမယ်ဆိုရင် ထိုင်းနိုင်ငံမှာ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် သေသွားခဲ့ရတဲ့မိန်းကလေးတစ်ယောက်ရဲ့ဝိဉာဉ်ကို ရအောင်ရိုက်ယူနိုင်ပြီး Youtube ပေါ်တင်ခဲ့လို့ နာမည်ကြီးသွားတဲ့ ရုပ်ရှင်ကျောင်းသားတစ်စုဟာ . ကမ်းလှမ်းမှုတစ်ခုကြောင့် Hashimaကျွန်းပေါ် TV program တစ်ခုသွား
ရိုက်ကြတဲ့အခါ တွေ့ကြုံရတဲ့ဖြစ်ရပ်တွေဆိုးတွေ . နောက်ပြီး သူတို့သူငယ်ချင်းတစ်စုရဲ့မသေချာတော့တဲ့ ရှေ့ရေး . အဆုံးမှာသူတို့ကျွန်းပေါ်ကနေပြန်လာနိုင်ပါ့မလား . ဆိုတာတွေကို ဘယ်လိုလှည့်ကွက်တွေသုံး
ပြီးရိုက်ထားလဲဆိုတာရင်တထိတ်ထိတ်နဲ့ကြည့်နိုင်မယ့်ဇာတ်ကားလေးပါ။
ဒီကားဟာ IMDbrating 4.9/10 ရရှိထားပါတယ်။
(ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Ko Moe Oo Mann ဖြစ်ပါတယ်။)